|05|

1.7K 166 29
                                    

သတို့သားတောင်းရမ်းတဲ့ အခမ်းအနားအပြီး Titicharoenrak နဲ့ Jirochtikul မိသားစုနှစ်ခုကြားက မင်္ဂလာကိစ္စကို လူသိရှင်ကြားကြေညာလိုက်တဲ့အချိန်မှာပဲ ဒီသတင်းဟာ တစ်နိုင်ငံလုံးမှာရှိနေတဲ့ လူမှုကွန်ရက်တွေပေါ်မှာ အကြီးအကျယ်ရိုက်ခတ်သွားစေတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးအသိုင်းအဝိုင်းက လူတော်တော်များများကတော့ ဒီအင်အားကြီးမိသားစုနှစ်ခုဟာ ပြင်းထန်တဲ့လှည့်ကွက်တစ်ခုကို ပြုလုပ်လိုက်ပြီဆိုတာကို ပြောနေစရာမလိုဘဲ အလိုအလျောက် သဘောပေါက် နားလည်နေပြီးသားဖြစ်တယ်။ ငွေ၊ ဂုဏ်နဲ့ အာဏာပိုင်ဆိုင်မှုတွေက ဒီလောကကြီးတစ်ခုလုံးမှာ အရေးကြီးဆုံးနဲ့ အင်အားအတောင့်တင်းဆုံး အရာတွေပဲမဟုတ်လား။ အဲဒီနောက် မလွဲမသွေပါပဲ၊ ဆယ်ကျော်သက်ကလေးနှစ်ယောက်ရဲ့ လွတ်လပ်ခွင့်တွေကို မင်္ဂလာကိစ္စဆိုတဲ့ အသုံးအနှုန်းလေးတစ်ခုနဲ့ ချုပ်နှောင်လိုက်မှုအပေါ်ကို စစ်မှန်ခြင်းရှိ၊ မရှိ တိုင်းတာခြင်းတွေက တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ် ဖြစ်တည်နေလျက်။

ဒီငယ်ရွယ်တဲ့ Alpha နဲ့ Omega ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြိုက်မနေကြဘူးဆိုတဲ့ ထင်မြင်ယူဆချက်တွေက သိသိသာသာပဲမလို့ အတင်းအဖျင်းနဲ့ ဝေဖန်ပြောဆိုမှုတွေက ဆက်တိုက်ထွက်ပေါ်လာခဲ့တော့တယ်။ ဒါပေမဲ့လည်း လူတွေဆိုတာ ဟိုးအစကတည်းက အနောက်ဘက်ကိုပစ်ထားတဲ့ ဘယ်ဘက်လက်မှာ ဓားကိုင်ထားရင်း၊ ဟန်လုပ်ပြုံးတစ်ခုကို နေသားတကျ ဆင်မြန်းကာ ညာဘက်လက်နဲ့လက်ဆွဲနှုတ်ဆက်တတ်ကြတာ သဘာဝပဲမလို့ နောက်ကွယ်မှာဘယ်လောက်ပဲ ဝေဖန်တာမျိုးပြုလုပ်ခဲ့ပါစေ.. မိသားစုနှစ်ခုစလုံးကိုတော့ ဂုဏ်ပြုစကားတွေနဲ့ ထောမနာပြုနေကြတုန်း။

ပြီးတော့ လူငယ်အသိုင်းအဝိုင်းကရော၊ အားသန်ရာကို အာရုံစိုက်တတ်ကြတဲ့ လူ့ထုံးစံအတိုင်း ရွှေဇွန်းကိုက်ပြီးမွေးဖွားလာသူနှစ်ယောက်ရဲ့ မင်္ဂလာပွဲဟာ ဒီနှစ်ရဲ့ အကောင်းဆုံးအချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် လူတွေရဲ့နှုတ်ဖျားမှာ ရေပန်းစားသွားခဲ့ပြန်တယ်။ သိပ်ရယ်ရတဲ့အရာတွေပဲပေါ့၊ နှစ်ယောက်လုံးကို သူတို့အမေတွေရဲ့ ဗိုက်ထဲမှာရှိစဉ်ကတည်းက စေ့စပ်ထားခဲ့တာမျိုး၊ နုနုနယ်နယ် Omega လေးဟာ သူ့ထက် နည်းနည်းလေးအသက်ပိုကြီးသူ Alpha ကို ငယ်ငယ်ကတည်းက တစ်ဖက်သတ်ချစ်ကျွမ်းဝင်နေတာမျိုး ဒီလိုမဟုတ် Alpha ရဲ့ အချစ်ဦးဆိုတဲ့ မတူညီတဲ့ ချိုမြမြဇာတ်လမ်းမျိုးတွေလိုကလည်း ဗားရှင်းအမျိုးမျိုးနဲ့ စုံပလုံစိအောင် ပေါ်ထွက်လာခဲ့တော့တယ်။ Gemini က တက္ကသိုလ်ကျောင်းသားတစ်ယောက်ဆိုပေမယ့် သူ့မိသားစုလုပ်ငန်းအကုန်လုံးကို ဆက်ခံနိုင်မယ့် တစ်ဦးတည်းသော Alpha တစ်ယောက်လည်းဖြစ်နေသေးတယ်။

This Little Omega is Damn Cute!Where stories live. Discover now