By My Side

1.4K 96 32
                                    

'မင်းနဲ့အတူသာဆိုရင် သေးငယ်တဲ့အရာတိုင်းဟာလည်း သိပ်ပြီးနူးညံ့လွန်းတယ်၊ သိပ်ပြီးချိုမြိန်လွန်းတယ်လို့ ခံစားရလေ့ရှိတယ်'

- butterflies rising


/

/

/

ချင်းမိုင်မြို့ရဲ့ ဒီနှစ်ဆောင်းရာသီက အရင်နှစ်ကထက်ပိုပြီးအေးတယ်။ နေမပွင့်သေးတဲ့မနက်ခင်းဖြစ်ပေမယ့် ထွန်းညှိထားတဲ့ နီယွန်မီးချောင်းတွေဆီက အလင်းရောင်ကောင်းစွာ ရနေတယ်။ ဘန်ဂလိုထဲကအပူချိန်က တော်တော်လေး ကျဆင်းတဲ့ဘက်ကို ရောက်နေခဲ့ပေမယ့် သူအိပ်ရာနိုးလာခြင်းတုန်းက မီးလင်းဖိုထဲကိုပစ်ထည့်လိုက်တဲ့ ထင်းချောင်းအနည်းငယ်ကြောင့် မီးလင်းဖိုဆီကမီးဟာ အရှိန်ပြင်းပြင်းနဲ့ တောက်လောင်လျက်ရှိနေသေးတုန်း။ အချိန်ကမနက်ရှစ်နာရီခွဲရုံလောက်သာ ရှိနေသေးပေမယ့် မနေ့ညက သူအရမ်းအချစ်ကြမ်းလိုက်မိတာကြောင့် တော်တော်နောက်ကျမှအိပ်ခဲ့ရတဲ့ သူ့အမျိုးသားလေး မနိုးသေးခင်မှာဘဲ Gemini က Fourth အတွက် မနက်စာပြင်ထားပေးချင်ခဲ့တယ်။

So I just wanna wake up next to you in the morning
Dance you through the night oh my love
Kiss me, hug me tight and just love me
I want you forever by my side

ဧည့်ခန်းထဲကစားပွဲပေါ်မှာ တင်ထားတဲ့ဖုန်းကနေတော့ အကြိမ်ကြိမ်အဖန်ဖန် ပြန်ကြော့နေတဲ့ Zack Tabudlo က အချစ်သီချင်းချိုချိုလေးတစ်ပုဒ် ဆိုနေတဲ့အသံကို ကြားနေရတယ်။ Fourth က အခုလက်တလောမှာ ဒီသီချင်းနားထောင်ရတာကို အများကြီးကြိုက်နေပြီး ခဏခဏနားထောင်ဖြစ်နေတာမလို့ Gemini ကရောပါ နားထဲစွဲပြီး သဘောကျနေမိပြီ။

ပိတ်ထားတဲ့ လိုက်ကာစတွေကို ဖွင့်လိုက်ချိန်မှာပဲ ပြူနိုးခါစ နေရောင်ခြည်က (အတွင်းဘက်)တစ်ဖက်မြင်မှန်တံခါးတွေကတစ်ဆင့် ဘန်ဂလိုထဲကိုဝင်ရောက်လာတယ်။ မီးကင်ထားတဲ့ ပေါင်မုန့်နှစ်ချပ်ကို ကင်စက်ထဲကထုတ်လိုက်တဲ့ အချိန်ကိုက်မှာ ခပ်နွေးနွေးအထိအတွေ့လေးတစ်ခုက သူ့ရဲ့နောက်ကျောဘက်ဆီကနေစိမ့်ခနဲပဲ။ Fourth က သူနဲ့အတူအမြဲတမ်းရှိနေတဲ့အတိုင်းခံစားမိစေတဲ့ ဒီလိုမျိုး အနောက်ဘက်ကပွေ့ဖက်မှုမျိုးကိုလည်း Gemini က သဘောကျတယ်။ တကယ်တမ်းတော့ ဒီ ထက်ထက်မြက်မြက် Alpha ဟာ သူ့အပိုင် Omega သေးသေးလေးရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ အပြုအမူလေးတွေအပါအဝင် ဒီအမျိုးသားလေးနဲ့ ပတ်သက်တဲ့အရာအားလုံးကို, ကို သဘောတကျရှိနေခဲ့တာမျိုး။

This Little Omega is Damn Cute!Where stories live. Discover now