|13|

1.6K 146 60
                                    

Song Recommendation : 'Come Closer' by Ford Allan & I hope you enjoy it. ♥

/

/

/

ချောကလက်နို့နံ့။ အဲဒါက Fourth ရဲ့ Pheromone ရနံ့ပဲ ။ Alpha တစ်ယောက်က Omega တစ်ယောက်ရဲ့ Pheromone ရနံ့ကို သဘောကျကြောင်း ဖွင့်ပြောလိုက်ခြင်းကို အဓိပ္ပါယ်ကောက်ယူဖို့အတွက်က ထင်သလောက်မခက်ဘူး။ ဒါကြောင့်မလို့ လူတွေက AO တွေရဲ့ အချစ်ရေးကိစ္စတွေမှာ Pheromone တွေကို နေရာတစ်နေရာ ပေးထားခဲ့ကြတာဖြစ်လိမ့်မယ်။ တကယ်လို့ Alpha တစ်ယောက်က Omega တစ်ယောက်ရဲ့ Pheromone ရနံ့ကို သဘောကျတယ်ဆိုပြီး ဖွင့်ပြောလိုက်တယ်ဆိုရင် အဲဒီ Alpha က Omega ကို နှစ်သက်မှုရှိနေနိုင်ခြေ မြင့်မားပြီးတော့ တစ်နည်းပြောရမယ်ဆိုရင် သူတို့နှစ်ယောက်ကြားထဲက ကိုယ်ရေးကိုယ်တာ ပတ်သက်မှုအကြောင်းကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တဲ့သဘောမျိုးဖြစ်နေတယ်။

"Gem!"

Fourth က နာမည်ကိုခေါ်ရင်းနဲ့ အနီးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ဝိုက်ကြည့်လိုက်မိတယ်။ ပြောခဲ့တဲ့အတိုင်း.. Pheromone ဆိုတာ ကိုယ်ရေးကိုယ်တာကိစ္စပဲ။ ဒီအကြောင်းကို တခြားသူတွေ မထင်မှတ်ဘဲ ကြားသွားဖို့အတွက်တောင်မှ မျက်နှာပူစရာကောင်းလွန်းတယ်လို့ သူထင်တယ်။ ဒါပေမဲ့လည်း ပြုံးစစနဲ့ အခုထိ မျက်နှာပိုးသတ်မရတဲ့ မျက်နှာလေးကြောင့် Fourth က Gemini ကို စိတ်မဆိုးမိတာ အသိသာကြီးပဲမဟုတ်လား။ ကောင်းပြီ ။ ကိုယ်ချစ်နေတဲ့သူက ကိုယ့်ကိုအချိန်အခါမရွေး ပရောပရည်လုပ်တာကို သဘောမကျတဲ့သူ မရှိနိုင်ဘူး။ ဒါကြောင့်မလို့ သူကလည်း အများကြီးအများကြီးကိုမှ ဒီဟာကို သဘောကျတယ် ။

သူ့ရဲ့အပြုအမူလေးကို သဘောတကျနဲ့ ခပ်တိုးတိုးရယ်မောလိုက်တဲ့ မျက်နှာချောချောမှာလည်း ရှက်ရောင်သမ်းနေတာကို Fourth သတိထားမိတယ်။ ဆိုတော့.. Gemini ကလည်း သူ့လိုမျိုး ဒီအခြေအနေကို ရှက်နေခဲ့တာပေါ့ ။ ဒါက ပိုပြီးကောင်းတယ်။ အနည်းဆုံးတော့ အတွေ့အကြုံမရှိတဲ့လူတစ်ယောက်လို ဖြစ်နေခဲ့တာက သူတစ်ယောက်တည်းမဟုတ်တော့ဘူး။

"မင်းရော Fourth"

"----"

"မင်းရော အဲဒါကိုကြိုက်လား"

This Little Omega is Damn Cute!Where stories live. Discover now