|07|

1.4K 124 32
                                    

တကယ်တော့ Pheromone Stress Disorder ဆိုတာက အဖြစ်များတဲ့အရာတစ်ခုပါပဲ။ ဒီ Disorder ရှိနေတဲ့ Omega တွေဟာ Pheromone တွေရဲ့ လှုံ့ဆော်မှုကို ပြင်းပြင်းထန်ထန် ခံစားရတတ်ကြတာမလို့ သူတို့ရဲ့လုံခြုံမှုအတွက် Estrus ကာလရောက်ရင် တစ်ယောက်တည်း သီးသန့်ခွဲပြီးတော့ နေထိုင်တာမျိုးတွေ လုပ်ဆောင်ကြရတယ်။

ဘာလို့လဲဆိုရင်.. အခုလိုမျိုး Disorder ဖြစ်နေတဲ့ Omega အများစုအတွက်ကတော့ သူတို့နဲ့ Pheromone ချင်း လိုက်ဖက်မှုမြင့်မားတဲ့ Alpha ကို တွေ့ဖို့အတွက်က ခက်ခဲတဲ့ကိစ္စပဲမဟုတ်လား။ ဒါပေမဲ့ Fourth လိုမျိုး ကံကောင်းတဲ့ Omega တွေကတော့ Alpha နဲ့ Pheromone ချင်းလဲလှယ်ပြီး နှစ်သိမ့်တဲ့နည်းလမ်းနဲ့ ဖြည်းဖြည်းချင်း ကုသလို့ရနိုင်တယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် Omega တွေရဲ့ Heat Cycle က ပထမအကြိမ်ပြီးသွားတာနဲ့ များသောအားဖြင့် အခြေကျတည်ငြိမ်သွားတတ်တယ်။

အတိအကျတော့ ပြောလို့မရနိုင်သေးပေမယ့် Fourth ရဲ့ Estrus ကာလက ဒီရက်အတွင်းမှာပဲ ဖြစ်သွားနိုင်တယ်ဆိုပြီး Mix က ခန့်မှန်းထားတယ်။ ပြီးတော့ Mix က သူ့ကိုပိုပြီးဂရုတစိုက်နေဖို့အတွက်နဲ့၊ တချို့သတိထားပေးရမယ့် ကိစ္စတွေကိုပါ ဖုန်းဆက်ပြောလာခဲ့သေးတာကြောင့် စိုးရိမ်စိတ်နည်းနည်းရှိနေတာတောင်မှ Fourth က သူ့စိတ်ကို အကောင်းဆုံးပြင်ဆင်ထားတယ်။ ပြီးတော့ အခု သူက တစ်ယောက်တည်းမဟုတ်ဘူးလေ။ သူ့အနားမှာ Gemini လည်းရှိနေတယ်မဟုတ်လား၊ ဒါကအဆင်ပြေသွားမှာပါ။ ဘာတွေပဲဖြစ်လာပါစေ.. Gemini က သူနဲ့အတူ ရင်ဆိုင်ပေးမယ်ဆိုတာကို သူကအကြွင်းမဲ့ ယုံကြည်တယ်။

"Fourth"

အထုပ်အပိုးတွေအပြည့်နဲ့ အခုမှအပြင်ကပြန်ရောက်လာတဲ့ Gemini က သူ့နာမည်ကိုခေါ်လာခဲ့ပေမယ့် သူ့အနားကိုလာမယ့်အစား အကွာအဝေးတစ်ခုမှာပဲ မတ်တတ်ရပ်နေလိုက်တယ်။ အောက်ထပ်ဧည့်ခန်းက ဆိုဖာခုံပေါ်မှာ ထိုင်နေရင်း အတွေးများနေခဲ့တဲ့သူက Gem ဆီကိုသွားလိုက်ပြီး ကူညီပေးဖို့လုပ်လိုက်ပေမယ့်၊

"ဒီနေ့ ကုမ္ပဏီကအပြန် ကုန်တိုက်ထဲပါဝင်လိုက်သေးတာမလို့ မင်းငါ့အနားကိုမလာတာ ပိုပြီးကောင်းလိမ့်မယ် Fourth"

This Little Omega is Damn Cute!Where stories live. Discover now