|08|

1.4K 142 25
                                    

ABO ကမ္ဘာရဲ့ စည်းမျဉ်းတွေက အများကြီးတင်းကျပ်ထားတာမျိုး မဟုတ်ရင်တောင် စာရွက်ပေါ်မှာ ချမရေးထားတဲ့ ဥပဒေတွေဆိုတာရှိတယ်။ ဥပမာအနေနဲ့ Alpha တစ်ယောက်က Omega တစ်ယောက်အရှေ့မှာ သူ့ရဲ့ Pheromone တွေကို ထုတ်လွှတ်တာမျိုးက ရိုင်းပြတဲ့အပြုအမူအဖြစ် သတ်မှတ်လို့ရတာမလို့ Gemini က ဒီလိုစကားမျိုးကို ကိုယ်တိုင်ထုတ်ပြောရတာဟာ အဲဒီလောက်အထိ လွယ်ကူတဲ့ကိစ္စမဟုတ်မှန်း Fourth က သေချာပေါက်သိတယ်။ ပြီးတော့ ဒါကလည်း Gemini က သူ့မျက်နှာကို လိုက်ဖတ်ကြည့်နေတဲ့အချိန် သူကလည်းအတူတူလုပ်ခဲ့တာမလို့ ဒီအကြောင်းတွေကို နားလည်နိုင်ခဲ့တာလို့ ပြောလို့ရမယ်။

မနက်ဖြန်ဆိုရင် ကျောင်းစတက်ရတော့မှာကြောင့် Phi Mix ကလည်း Fourth ကို Gemini ဆီက ယာယီအမှတ်အသားတစ်ခု ပေးဖို့အတွက် အဆင်ပြေ၊ မပြေဆိုတာကို မေးကြည့်စေချင်ခဲ့တာ။ ဒါပေမဲ့ ဒါက သိပ်ပြီးမျက်နှာပူဖို့ကောင်းတာ၊ သူက ဒီလိုတောင်းဆိုမှုမျိုးကို ဘယ်လိုလုပ်ပြီး သူ့ရဲ့ Alpha ကို တောင်းဆိုရမှာလဲ။

အခုတော့လည်း ဒီအခြေအနေက ဝမ်းသာစရာကောင်းအောင် ဒီလိုမျိုး လွယ်လွယ်ကူကူပဲဖြစ်သွားတယ်။

အိမ်အပြင်ဘက်ဆီမှာက မိုးဖွဲဖွဲလေးကျနေပြီး မြေသင်းနံ့မွှေးမွှေးလေး တစ်ခုရနေတယ်။ လောလောလတ်လတ် မြှင့်တင်ခံလိုက်ရတဲ့ လေအေးပေးစက်ရဲ့အပူချိန်ကလည်း အနေတော်လောက်ပဲ ။

"မင်းငါ့ဘက်ကို နောက်ကျောပေးထိုင်ပြီး ဆိုဖာရဲ့လက်ရန်းကို ကိုင်ထားလိုက် Fourth"

ရုတ်တရက် ထွက်ပေါ်လာတဲ့ Gemini ရဲ့အသံက ဩရှရှဖြစ်နေခဲ့ပြီး သာမန်အချိန်တွေကထက်တောင် ဆွဲဆောင်မှုရှိလွန်းနေတယ်။ ပြီးတော့ ဒါက အမိန့်တစ်ခုရယ်လို့မပြောသာပေမယ့် Fourth ကို အလိုအလျောက် နာခံမိစေတယ် ။ သူတခြားတစ်ဖက်ကို လှည့်လိုက်မိချိန်မှာပဲ Alpha ရဲ့ အထက်စီးဆန်ဆန် အင်အားကြီးလွန်းတဲ့ Pheromone တွေက လေထုထဲကို ပျံ့လွင့်လာတယ်။ အနောက်ဘက်ကနေ သိမ်းဖက်ပစ်လိုက်မိတော့ Omega သေးသေးလေးရဲ့ ခန္ဓာကိုယ်လေး အနည်းငယ် တုန်ရင်သွားတာကို သူသတိပြုလိုက်မိတယ်။

Gemini က Fourth ကို လန့်မသွားစေချင်ဘူး။ ပြီးတော့ Gemini က သူ့ရဲ့ Fourth ကို နာကျင်အောင်လည်းမလုပ်ချင်ဘူး။ ဒါကြောင့် ယာယီအမှတ်အသားပေးတာရဲ့ လုပ်ငန်းစဉ်က ဘယ်လောက်ပဲ ထိန်းချုပ်ဖို့မလွယ်ကူပါစေ သူက တတ်နိုင်သလောက် ဖြည်းဖြည်းချင်း ကျော်ဖြတ်သွားဖို့အတွက်ပဲ စိတ်ကူးထားတယ်။

This Little Omega is Damn Cute!Where stories live. Discover now