|04|

1.8K 159 19
                                    

Alpha နဲ့ Omega ကြားက Pheromone လိုက်ဖက်မှုမှတ်တမ်းကို ဖတ်ကြည့်နေရင်းနဲ့မှ ဒေါက်တာ Mix က သူ့အကြည့်တွေကို အရှေ့မှာထိုင်နေတဲ့ နှစ်ယောက်ဆီကိုပို့လိုက်တယ်။ မဟုတ်မှလွဲရော...

ဒီကိုလာတဲ့ တစ်လမ်းလုံးရော ဒီလိုပဲတိတ်ဆိတ်နေခဲ့ကြတာတော့ မဟုတ်ဘူးမလား။

Mix ကြားဖူးသလောက်.. ကလေးတွေရှက်ရင် ငိုတတ်ပြီး၊ လူကြီးရှက်ရင်တော့ ရယ်တတ်ကြတာမျိုးတဲ့။ ဒါပေမဲ့ အခု သူ့အရှေ့မှာထိုင်နေတဲ့ ဟိုမရောက်ဒီမရောက် လူကြီးပေါက်စစုံတွဲလေးကျတော့ရော၊ Fourth က ဟိုးငယ်ငယ်လေးကတည်းက သူ့မျက်စိရှေ့မှာတင် အရွယ်ရောက်လာခဲ့တဲ့ကလေးဖြစ်ပြီး၊ Gemini ကတော့ သူနဲ့သိတာ တစ်နာရီတောင်မရှိသေးတဲ့ ကလေးတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့လည်း Dr. Mix Sahaphap Wongratch ဒီကလေးတွေထက် အသက်တစ်နှစ်ပဲဖြစ်ဖြစ် ပိုကြီးနေခဲ့တာက အလကားသက်သက်တော့မဟုတ်ဘူးလေ။ ဒါက တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်ဟန် လျစ်လျူရှုထားကြသလိုမျိုးနဲ့ တကယ်တမ်း ဒီအရွယ်ရောက်ခါစစုံတွဲက အပြန်အလှန် ရှက်နေကြတယ်ဆိုတာ.. အင်္ဂါဂြိုဟ်ကလှမ်းကြည့်ရင်တောင်မှ သိသာနေလိုက်တာကိုများ။

"Phi Mix ဘာဖြစ်လို့လဲ"

နှစ်ယောက်သား မျက်လုံးချင်းမဆုံမိအောင် အကြည့်လွှဲထားကြရင်းကနေ Mix သူတို့ကို ကြည့်နေတာကို အရင်သတိထားမိပြီး၊ မေးခွန်းထုတ်လာခဲ့သူက Fourth ဖြစ်ပေမယ့် Gemini ကလည်း Mix ပြန်ပြောမယ့်အဖြေကို စိတ်ဝင်တစားရှိနေကြောင်းကိုပြတယ်။ Mix က ပေါ့ပါးစွာ ပြုံးလိုက်ရင်းနဲ့၊

"Nong တို့ဘာသာ ကြည့်လိုက်ပါ"

'Khun Gemini Norawit Titicharoenrak, Gender(Alpha) နဲ့ Khun Fourth Nattawat Jirochtikul, Gender(Omega) တို့ရဲ့ Pheromone လိုက်ဖက်မှု 96% အတည်ပြုချက်'

"တကယ်ကြီး 96% လား"

Fourth ရဲ့ မေးခွန်းကို Mix က ခေါင်းတစ်ချက်ညိတ်ပြီးတော့သာ အတည်ထပ်ပြုပေးလိုက်တယ်။

"အင်း.. ဒီလောက်ဆိုရင် နှစ်ယောက်ရဲ့ Pheromone လိုက်ဖက်မှုက ရာခိုင်နှုန်းတော်တော်လေးမြင့်တယ်ဆိုပြီး သတ်မှတ်လို့ရနိုင်တယ်။ ဒါပေမဲ့ ဒီရလဒ်က အမြဲအတည်ယူလို့ရတာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒီထက်တိုးလာနိုင်သလို၊ အချိန်မရွေး အခုထက် လျော့သွားတာမျိုးလည်းဖြစ်နိုင်သေးတယ်။ ဒီဟာက အဓိကအားဖြင့်တော့ Alpha နဲ့ Omega ကြားမှာရှိတဲ့ အနှောင်အဖွဲ့ပေါ်မှာ အများကြီးမူတည်နေတာ။ အခြေအနေအားဖြင့် Omega က Alpha ပေါ်မှာထားတဲ့ မှီခိုအားထားလိုစိတ်နဲ့ ယုံကြည်မှုရယ် ပြီးတော့ Alpha ကလည်း သူ့ရဲ့ Omega ကို ကာကွယ်ပေးချင်တဲ့စိတ်နဲ့ ဘယ်လောက်အထိ ပိုင်ဆိုင်ချင်သလဲဆိုတဲ့ခံစားချက်မျိုးတွေပေါ်မူတည်ပြီး လိုက်ဖက်မှုရာခိုင်နှုန်းအပြောင်းအလဲ ရှိလာနိုင်တယ်ဆိုတာကို သိထားဖို့လိုလိမ့်မယ်"

This Little Omega is Damn Cute!Where stories live. Discover now