သွန်း၏သည်းခြာ အပိုင်း ၁

2.2K 59 0
                                    

ပထမဆုံးကျောင်းစတတ်မယ့်ရက်ဖြစ်သော်လည်း
မေ့သည်းခြာ တစ်ယောက် ခုထိအိပ်ရာကမထသေးပင်

"သမီးရေဒီနေ့ကျောင်းစတတ်ရမယ်လေ ထတော့လေကွယ်"

"ထပါပြီ အမေရယ် ကျောင်း၃လပိတ်တာကလဲမြန်လိုက်တာနော်"

သည်းခြာက လှေကားမှဆင်းလာရင်းအော်ပြောလိုက်သည်
သည်းခြာတို့မိသားစုသည် ပိုက်ဆံချမ်းသာပြီး
သည်းခြာအဖေက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်

"သမီး ဒီနေ့ ကိုယ့်ဟာကို ဆိုင်ကယ်မောင်းသွားမယ်နော် အမေ"

"အေးအေး သေချာသွားအုန်းနော်"

သည်းခြာလဲ အမေကိုနှုတ်ဆက်ပြီးတာနဲ့ ဆိုင်ကယ်ကိုမောင်းရင်းသီချင်းညည်းလာသည်
ကျောင်းသို့ရောက်သောအခါ ဆိုင်ကယ်ကိုသေချာသော့ခတ်ပြီး အခန်းသိုွရောက်လာသည်
သူငယ်ချင်းများမရောက်သေး၍သည်းခြာတစ်ယောက်တည်းပျင်းနေသည်

"ဟဲ့ ရတီ နင်ကလဲနောက်ကျလိုက်တာဟာ ငါတို့နောက်ဆုံးတန်းဘဲထိုင်မယ်နော်"

"အေးပါ"

တောင် တောင်🔔🔔

"အားလုံးမတ်တပ်ရပ် ဆရာမကိုနှုတ်ဆက်"

"မဂ်လာပါ ဆရာမ"

"အေးအေး မဂ်လာပါကွယ်"

သည်းခြာသည် ၉တန်းေအာင်၍ ၁၀တန်းစတတ်မယ်ဖြစ်သည် သည်းခြာတို့သူငယ်ချင်းများသည် စာအရမ်းမတော်သော်လည်း အလယ်အလတ်ရှိသည်

"ကဲ ဆရာမ ခု အတန်းခေါင်းဆောင်ရွေးမယ်နော်
မိန်းခလေးအတန်းခေါင်းဆောင်က သည်းခြာ
ကဲ သဘောတူကြလား"

"သမီး အတန်းခေါင်းဆောင်မလုပ်ချင်ဘူး ဆရာမ"

"အယ် ဘာဖြစ်လို့လဲကွယ်"

"မလွတ်လပ်လို့ပါ ဆရာမ ပြီးတော့ သမီးကကျောင်းကိုလဲစောစောမလာနိုင်လို့ပါ"

"အေးပါကွယ် ဒါဆို ဖူးပွင့် သမီးလုပ်လိုက်နော်"

"ဟုတ်ကဲ့ ဆရာမ"

သည်းခြာတို့အဖွဲ့နဲ့ ဖူးပွင့်နဲ့မတည့်ပါ ၈တန်းတည်းက
ဖူးပွင့်က အရမ်းတိုင်သောကြောင့်ဖြစ်သည်

သွန်း၏သည်းခြာWhere stories live. Discover now