"ဟုတ်တယ် အမ အဲ့နာမည်ဘဲ"
တီ..တီ
စကားပြောနေရင်း နေခြည် ဖုန်း၀င်လာသည်
Contact : ကိုကို
"ဟလို ...#&#& အင်းအင်း ဒါဘဲနော်"
"အယ်...၅နာရီထိုးပြီ ငါအမြန်ပြန်မှဖြစ်မယ်"
သည်းခြာ နာရီကိုကြည့်မိရင်း သွန်း မှာလိုက်တဲ့စကားကို သတိရသွားသည်
"ပြန်တော့ဖို့လား ညီမလေး"
"ဟုတ် အမ ၅ခွဲစာသင်ရမှာမို့လို့"
"အော်..အင်းအင်း နောက်ခါဆုံမှ ဆက်ပြောကြတာပေါ့"
"ဟုတ်... ရှင်းမယ် "
"သွားသွား မ ရှင်းလိုက်မယ် တော်ကြာ နောက်ကျလို့ ဆူခံထိနေဦးမယ်"
"ကျေးဇူးနော် အမ"
သည်းခြာလဲ နေခြည့်ကို နှုတ်ဆက်ပြီးတာနဲ့ ဆိုင်ကယ်ကို အားကုန်မောင်းရင်း အိမ်သို့ ပြန်လာခဲ့သည်
"တီချယ်.."
"ေမ့သည်းခြာ ဟိုနေ့က မြန်မာစာ ခက်ဆစ်တွေ ပြန်နွှေးထားနော် ပြီးရင်ဖြေမယ်"
"ဟုတ်"
တဖြည်းဖြည်းနဲ့ ဒီဇင်ဘာ စာမေးပွဲ နီးကပ်လို့လာသည်
"ကဲ သားတို့သမီးတို့ ဒုတိယစမ်း စာမေးပွဲက
14ရက်ကနေ 21ရက်နေ့ထိ စာမေးပွဲ ဖြေပြီးတာနဲ့
ကျောင်းလာစရာမလိုတော့ဘူးနော် နောက်ဆုံးစာမေးပွဲ ဖြေမှဘဲ သွားဖြေရတော့မယ် ၁၂ရက်နေ့မှာ ဆရာကန်တော့ပွဲရော နှုတ်ဆက်ပွဲရော လုပ်မယ်နော်""ဟုတ်ကဲ့ပါ ဆရာမ"
"ဟဲ့ ငါတို့တောင် ခွဲရတော့မယ်"
"ဟုတ်ပါ့ ငါနင်တို့ကို သတိရနေတော့မှာဘဲ"
"အားလုံးမတ်တတ်ရပ်"
သည်းခြာတို့အခန်းသို့ သချ်ာဆရာမ ဒေါ်လင်းယုဝါ ၀င်လာ၍ အတန်းခေါင်းဆောင်က နှုတ်ဆက်ရန် အော်လိုက်သည်
"ရပြီ ထိုင်တော့"
"မနေ့က အိမ်စာစာအုပ်ထပ်ခိုင်းတာ မထပ်တဲ့သူတွေ အခန်းပြင်ထွက် ဒူးထောက် လက်မြှောက်ထား
ကိုယ့်အပြစ်ကိုယ်သိနော် ငါတစ်ယောက်ချင်းဆီနာမည်ခေါ်ရင် ပိုဆိုးမယ်
ကျန်တဲ့စာအုပ်တွေ ဝေပေးလိုက် မော်နီတာ"
YOU ARE READING
သွန်း၏သည်းခြာ
Romantizmစည်းကမ်းကြီးလွန်းတဲ့ တီချယ်နဲ့ ပျော်ပျော်နေတတ်တဲ့ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်း