သွန်း၏သည်းခြာ အပိုင်း ၂၁

565 39 8
                                    

နေ့လယ်ဘက် အိမ်အပေါ်ထပ် ၀ရန်တာတွင် သွန်း coffee ထိုင်စောင့်ရင်း စာအုပ်ဖတ်နေသည်

ဇင်းမယ်ဝမ်းဆက် အစိမ်းရောင်လေးကိုဝတ်ဆင်ထားပြီး ခါးထိ ရှည်တဲ့ဆံပင်ကို ဖြီချထားတာ အလွန် ကြည့်လို့ကောင်းနေသည်

သွန်းကို တံခါးအကွယ်တွင် သည်းခြာ ငေးကြည့်လို့မဆုံး ဖြစ်နေသည်

၁၅မိနစ်လောက် အကြာတွင် သည်းခြာ ကြည့်နေသည်ကို သွန်း သတိထားမိလာသည်

"သည်းခြာ"

"ရှင် ရှင်"

"အော် ဘာတွေ အဲ့လောက်တောင် လန့်နေတာလဲ"

"ရုတ်တရက်ဆိုေတာ့ လန့်သွားတာပါ တီချယ်"

"အဲ့တံခါးနားမှာ ဘာရပ်လုပ်နေတာလဲ ဒီကိုလာလေ"

"ဟုတ်..."

"တီချယ့်ကို တစ်ခုခု ပြောစရာရှိနေလို့လား"

"ဟုတ် တီချယ်"

"အင်း ပြောစရာရှိရင် ပြောလေ"

"ညနေကျရင်လေ ကမ်းနားလမ်းမှာ သွားထိုင်ရအောင် တီချယ် အဲ့ဒါပြောမလို့ပါ"

"အင်း ကောင်းသားဘဲ တီချယ်လဲ ခုရက်ပိုင်း ကျောင်းကကိစ္စတွေနဲ့ နဲနဲ ခေါင်းရှုပ်နေတာဆိုတော့ စိတ်သက်သာရာ ရသွားတာပေါ့"

"ဟုတ် ဒါဆို သမီး သွားတော့မယ်နော်"

"အင်းအင်း"

ညနေရောက်သောအခါ

သည်းခြာ အပေါ်ထပ်ကို ဆင်းမလာသေး၍ သွန်း ဧည့်ခန်းတွင် ထိုင်စောင့်နေသည်

"သွားတော့မလား သည်းခြာ"

"ဟုတ် "

"တီချယ့် ဆိုင်ကယ်မယူတော့ဘုးနော်"

"ဟုတ်"

တဖြည်းဖြည်းနဲ့ ဆိုင်ကယ်မောင်းလာရင်း ကမ်းနားလမ်းသို့ ရောက်လာခဲ့သည်

ထိုင်နေကျ နေရာတွင် ဆိုင်ကယ်ကို ရပ်လိုက်သည်

"တီချယ်"

"ဟင်"

သည်းခြာ သွန်းရဲ့မျက်နှာကို သေချာကြည့်ရင်း ထိုစကားကို ဆိုလိုက်သည်

"သဘက်ခါဆိုရင် သမီး တီချယ်နဲ့ ခွဲရတော့မယ်နော်"

"စည်းကမ်းေတွထဲက လွတ်လပ်သွားပြီဆိုတော့ ပျော်နေတာလား"

သွန်း၏သည်းခြာWhere stories live. Discover now