သွန်း၏သည်းခြာ အပိုင်း ၂၂

1K 51 9
                                    

အပြန်လမ်းတွင် သွန်း ဘာစကားမှ မပြောဘဲ တစ်လမ်းလုံး တိတ်ဆိတ်နေတာကို သူငယ်ချင်းသုံးယောက်လုံး သတိထားမိသည်

"သွန်း ငြိမ်လှချည်လား"

"ဟုတ်ပါ့ "

"သူ ငါ့ကို ဖွင့်ပြောသွားတယ်"

"ဟင် တကယ်ကြီး"

"အင်း ဟုတ်တယ်"

"နင်ဘာပြန်ပြောလိုက်လဲ"

"ငါ အချိန်ယူချင်သေးတယ် သိပ်မယုံကြည်ရဲသေးဘူး"

"ေအးပါ နင်တို့ကအနီးကပ်နေခဲ့ကျတာပဲ သည်းခြာ ဘယ်လိုလူလဲဆိုတာ ငါတို့ထပ် နင်ကပိုသိမှာပါ"

"ဒါပေမယ့် သည်းခြာ နင့်ကိုဘယ်လောက်ထိ ချစ်တယ် ဆိုတာတော့ ငါတို့ဘေးလူတောင် မြင်နေရတယ်နော်"

"နင် သေချာစဥ်းစားပေါ့ဟာ"

"အင်း.."

၁နာရီခွဲခန့်အကြာ

သွန်းဆီကို သည်းခြာ ဖုန်းဆက်လာသည်

"ဟလို တီချယ် "

"အင်း သည်းခြာ ပြော"

"သမီး ခုပဲ ရန်ကုန်ရောက်ပြီ တီချယ်"

"အော် အင်း"

"အဲ့ဒါဖုန်းဆက်ပြောတာ တီချယ် ဒါပဲနော်"

"အင်းပါ အင်းပါ"

လေယာဥ်ကွင်းတွင် သည်းခြာကို ဖေဖေနဲ့မေမေ လာကြိုနေကြသည်

"ငါ့သမီးလေးကို မေမေတို့က လွမ်းနေတာ"

"သမီးကလဲ မေမေနဲ့ဖေဖေ့ကို လွမ်းနေတာပါနော်"

"သမီး စာမေးပွဲရော ဖြေနိုင်လား"

"ဟုတ် ဖြေနိုင်တယ် မေမေ"

"ကဲ ဒီသားမိတွေ အိမ်ရောက်မှ အေးဆေးပြောကြ
ခုတော့ အိမ်အရင်ပြန်ကြမယ်"

"ဟုတ်ပါပြီရှင် ကျွန်မက သမီးလေးကိုလွမ်းလို့ပါနော်"

မိသားစုသုံး​ယောက် အိမ် သို့ ပြန်လာခဲ့ကြသည်

"သမီး အေးဆေးနားဦးနော် တရေးလောက် အိပ်လိုက်ဦး"

"ဟုတ်"

"မေမေ သမီးကြိုက်တာလေးတွေ ချက်ထားမယ်နော်
နိုးရင် ထမင်းစားမယ်"

သွန်း၏သည်းခြာWhere stories live. Discover now