သွန်း၏သည်းခြာ အပိုင်း ၉

728 33 4
                                    

"သည်းခြာ နင် ညက အဆူခံရသေးလား"

ရတီမှ ညက ကိစ္စကို  သတိရ၍ သည်းခြာအား မေးလိုက်သည်

"ဒီနေ့ပြန်မှ ရှင်းမယ်တဲ့ အိမ်ပြန်ရမှာတောင်
ရင်မောနေပါပြီ"

"တီချယ်ကလဲဟယ် အရမ်းစည်းကမ်းတင်းကြပ်လွန်းတယ် ကလေးလဲမဟုတ်တော့တာကို"

"အေးလေ အဲ့လောက်ကြီးကတော့ လွန်ပါတယ်"

ရတီ့အပြောကို ယမုံကထောက်ခံလိုက်သည်

မုန့်စျေးတန်းရောက်သောအခါ

"ဟဲ့ ကောင်းကောင်း နင် အိမ်ပြန်မလာဘူးလား"

မုန့်၀ယ်ရင်း အမှတ်မထင် ကောင်းကောင်းနဲ့ဆုံမိသည်

"ေအး ငါဟိုရက်က ကျူရှင်စာမေးပွဲမှာ အဂ်လိပ်တစ်ဘာသာကျတယ်လေ အဲ့ဒါ မမ ဆီလဲ တိုင်စာရောက်ထားတယ်"

"အော်...နင်ကတော့ သာယာပါတယ် ငါ့မှာတော့"

"နင်ကဘာဖြစ်လို့လဲ"

သည်းခြာလဲ ဖြစ်ကြောင်းကုန်စင်ကို ကောင်းကောင်းအားပြောပြလိုက်သည်

"နင် အိမ်ပြန်ရင်တော့ မတွေးရဲစရာဘဲ"

"ဟုတ်ပါ့ဟာ...
ကျောင်းတတ်တော့မယ်ဆိုတော့ ငါသွားပြီနော်"

"အေးအေး သူငယ်ချင်း"

အိမ်ပြန်ရောက်သောအခါ

"မအေး သည်းခြာကို သူ့အခန်းထဲမှာ သွန်းဆီကို သွားခေါ်ပေးပါ"

"အေးအေး သမီး"

သည်းခြာ ရေချိုးပြီး ကုတင်ပေါ်တွင် လှဲနေသည်

"သမီး သည်းခြာ သွန်း က ခဏခေါ်ခိုင်းလို့ သမီး"

"ဟုတ် "

"ငါတော့ဘယ်လိုရင်ဆိုင်ရပါ့မလဲ"

သည်းခြာ ခြေလှမ်းတွေ နှေးကွေးနေသည်

"တီချယ်"

သွန်း ရဲ့မျက်နှာတွင် မနေ့ညကလောက် စိတ်ဆိုးနေပုံ မဖြစ်သော်လည်း အရမ်းတည်ငြိမ်နေသည်

"ပြောပါဦး မနေ့ညက ကိစ္စလေး"

"ငါမေးနေတယ်​လေ ခုတော့မဖြေတတ်တော့ဘူးလား"

သွန်း၏သည်းခြာWhere stories live. Discover now