"ခနနေပါဦး မမ"
"မင်းနဲ့ငါပြောစရာစကားမရှိဘူး"
"မမ..မမ"
သွန်းလည်း အနောက်က ခေါ်နေတာကို လှည့်မကြည့်ပဲ အိမ်ကိုသာ မောင်းလာခဲ့သည်
"တီချယ် အဆင်ပြေရဲ့လားဟင်"
"အင်း ပြေပါတယ်"
သွန်း ဒေါသထွက်နေသည်ကိုသိ၍ သည်းခြာလဲ
ဘာမှဆက်မမေးတော့ပဲ အခန်းထဲသို့ ၀င်သွားသည်"ဘယ် တော့မှ ပြန်မဆုံချင်တော့တဲ့ လူနဲ့ ဘာလို့
ပြန်ဆုံရတာလဲ"သွန်း တစ်ယောက်တည်း ရေရွတ်နေမိသည်
တစ်ဖက်တွင်လည်း
"သူက တီချယ်နဲ့ ဘယ်လိုပတ်သတ်နေတာပါလိမ့်"
သည်းခြာလဲ အတွေးတွေ လွန်နေသည်
ေနာက်တနေ့ ကျောင်းလွှတ်သောအခါ...
"မမ..."
"မင်း..."
သွန်း ကျောင်းရှေ့မှာ လင်းထက်အောင် လာစောင့်နေသည်
လင်းထက်အောင် ဆိုတာ အရင်က သွန်းနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ tomboy တစ်ယောက်ဖြစ်သည်"မောင့် ကို စကားခနလောက် ပြောခွင့်ပြုပါနော်"
"ငါ့မှာအချိန်မရှိဘူး မင်းကို ပြောစရာစကားလည်း
မရှိဘူး""ခနလေးပါဘဲ မရယ်"
"မင်း ဘယ်လိုလုပ်နေတာလဲ ဒါငါ့ကျောင်းနော်
ငါ့ဂုဏ်သိက္ခာ ရှိသေးတယ်"သွန်း လက်ကို အတင်းဆွဲ၍ ပြောနေသောကြောင့်
သည်းခြာ လဲ ၀င်ပါမိသည်"စကားအေးဆေးပြောပါဗျာ ခုလိုမျိူး မလူပ်ပါနဲ့ တစ်ခြားသူတွေ မြင်သွားရင်လဲ ဆရာမအတွက်
မကောင်းပါဘူး""ဒါငါတို့ကိစ္စ"
"တီချယ်က ခဗျားကို မပြောချင်ဘူးလို့ ပြောနေတယ်လေ"
" မင်း ၀င်မပါနဲ့လို့ ငါပြောနေတယ်လေ"
"ဒါငါ့ဆရာမကွ"
"ခွပ် ခွပ်"
သည်းခြာလဲ စိတ်တိုပြီး လင်းအား လက်သီးနဲ့ထိုးလိုက်သည်
"တော်တော့ သည်းခြာ"
"မင်းငါ့ကို ထပ်မပတ်သတ်ပါနဲ့ လင်းထက်အောင်"
YOU ARE READING
သွန်း၏သည်းခြာ
عاطفيةစည်းကမ်းကြီးလွန်းတဲ့ တီချယ်နဲ့ ပျော်ပျော်နေတတ်တဲ့ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်း