"ငါတို့ဒါပြီးရင် ဘယ်ကိုသွားကြမလဲ"
ဘန်ဂလိုထဲတွင် မုန့်စားနေကြရင်း သွန်းမှစကားစလိုက်သည်
"ဆင်ခေါင်းေတာင် သွားမယ် အမ"
သွန်းအမေးကို ခြူးမှ ၀င်ဖြေလိုက်သည်
"ဟဲ့ ထက်ကြီး"
"ဘာလဲဟ"
"ခုနက အရမ်း romantic ဆန်တဲ့ ဇာတ်လမ်းတစ်ခုကို နင်မမြင်ရတာ နာတယ်ဟာ"
"ဘယ်ကဇာတ်လမ်းလဲ"
ရွှန်းလဲ့က ယွန်းအား သွန်းတို့ဇာတ်လမ်းအကြောင်းပြောပြနေသည်
"ခုနကဟယ် မင်းသမီးလေး ဖိနပ်ကြိုးပြီသွားတာကို သူရဲ့ ကိုယ်ရံတော်လေးက ဖိနပ်ကြိုးချည်ပေးတာဟယ် "
"ကဲ တော်ပြီ မိရွှန်းမ လျှောက်စမနေနဲ့"
"အမ်းးးမင်းသမီးလေး ရှက်နေပါပြီရှင်"
သွန်း ရှက်လာ၍ မျက်နှာတွေရဲနေသည်
"သွားကြမယ် သွားကြမယ်"
တစ်ရက်ပြီးတစ်ရက်နှင့် မြိတ်ပြန်ရမည့်ရက်သိူ့ ရောက်လာခဲ့သည်
"ခြူး တာ့တာနော်"
"သွားပြီေနာ် ညီမလေး "
"အားလုံး ဂရုစိုက်ပြီး သွားကြဦးနော် တာ့တာ"
ကားကို နေခြည်မောင်းပြီး ယွန်းက ဘေးမှာထိုင်လိုက်သည် မောင်းလာရင်း နေ့တ၀က်ကျိုးလာသည်
"ငါ့ေကာင်မလေးကို လွမ်းလိုက်တာကွာ"
"အမလေးဟယ် မတွေ့တာ နေ့တစ်ပိုင်းတောင် မရှိသေးပါဘူး ပိုကိုပိုတယ်"
ယွန်း၏အပြောကို သွန်းမှ ၀င်နှောက်လိုက်သည်
"နင့်လိိုအနားမှာ ရှိနေတဲ့ လူကတော့ ပြောအားရှိတာပေါ့"
"ထက်မြတ် တော်တော့ နင်ပေါက်ကရတွေ လျှောက်မပြောနဲ့"
"တော်ပြီ ကွကိုယ် သီချင်းဘဲ နားထောင်တော့မယ်"
"ငါလေ တစ်ဖက်သတ် ချစ်ရုံကလွဲလို့
မ၀ံ့မရဲ ခိုးခိုးကြည့်နေတာ သူမတော့မသိပါ မျက်ဝန်း
တစ်ချက်တစ်ချက် အကြည့်ဆုံရင် ငါ့မှာ...."
YOU ARE READING
သွန်း၏သည်းခြာ
Romanceစည်းကမ်းကြီးလွန်းတဲ့ တီချယ်နဲ့ ပျော်ပျော်နေတတ်တဲ့ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်း