သွန်း၏သည်းခြာ အပိုင်း ၁၃

679 41 1
                                    

"ကူး အဆင်ပြေလား ဘယ်လိုဖြစ်သွားပြီလဲ"

"အေး ငါလဲ သိချင်နေတာ ဘာဖြစ်လဲ တီချယ်သွန်းရော "

သည်းခြာ အခန်းထဲပြန်ရောက်ရောက်ချင်း သူငယ်ချင်း၂ယောက်ရဲ့ မေးမြန်းခြင်းကို ဖြေရသည်

"ဖြေးဖြေးမေးပါဟယ် ငါထွက်မပြေးပါဘူး"

"နင်ကလဲ ငါတို့က သိချင်လို့ပါဟယ်"

"အဆင်ပြေသွားပြီ သူ့ကို ခံဝန်ကတိလက်မှတ်
ထိုးခိုင်းလိုက်တယ် အတန်းပိုင်ဆရာမက"

"သူရေးထားတာရော ဟုတ်လို့လား တစ်ယောက်ယောက်စတာများလား"

"သူကိုယ်တိုင်ရေးထားတာတဲ့ ၀န်ခံတယ် စလိုက်တာတဲ့"

"ဒါ စ စရာကိစ္စမှမဟုတ်တာ"

"အေးလေ"

"မသိေတာ့ပါဘူးဟယ် ထားလိုက်ပါ အားလုံးလဲ
ပြီးသွားပြီဘဲ စိတ်ထဲကထုတ်လိုက်ပြီ"

သည်းခြာက စိတ်ရှုပ်စေမယ့် ကိစ္စတစ်ခုခုကို
ခေါင်းထဲ ကြာကြာမထားတတ်တဲ့ အကျင့်ရှိသည်

"ဘယ်လိုဘဲဖြစ်ဖြစ် တီချယ်သွန်းက နင့်အတွက်
Hero လုပ်ပေးလိုက်တာပေါ့"

"သာယာတယ်နော် ကောင်မ"

"ဟီး...ဟီး"

ကျောင်းဆင်းသောအခါ

"ကူး ...ကူး ခနနေပါဦးဟ"

အိမ်ပြန်ရန် ဆိုင်ကယ်ထားသည့် နေရာကို သွားနေတဲ့ သည်းခြာရဲ့အနောက်ကို နေဘုန်းလျှံ ပြေးလိုက်လာသည်

"ဘာကိစ္စလဲ ငါ့မှာနင်နဲ့ ပြောစရာစကားမရှိဘူး"

"သိပါတယ်ဟာ ငါနင့်ကို တောင်းပန်ချင်လို့ပါ"

"...."

သည်းခြာလဲ အနောက်ကပြေးလိုက်နေရင် ကြည့်မကောင်း၍ ခနရပ်ပေးလိုက်သည်

"ငါနင့်ကိုတောင်းပန်ပါတယ်နော် တကယ်တော့
အဲ့စာက စနောက်ထားတာမဟုတ်ဘူး ငါနင့်ကိုစိတ်၀င်စားနေတာ ကြာပြီ ငါ..."

"မင်းတို့နှစ်ယောက် အိမ်မပြန်သေးဘဲ ဘာလုပ်နေတာလဲ"

သွန်း အစည်းအဝေးခန်းမသို့ သွားရင်း အောက်ထပ်ကို လှမ်းကြည့်လိုက်တော့ သည်းခြာနဲ့နေဘုန်းလျှံ စကားပြောနေတာကို မြင်၍ လှမ်းအော်လိုက်သည်

သွန်း၏သည်းခြာWhere stories live. Discover now