1.Whispers of the BLUES

254 21 0
                                    

လူတစ်ယောက်အတွက် ဘဝမှာ ပထမဆုံးသော ပထမဆုံးတွေက သေတဲ့အထိ မှတ်မိနေမဲ့ အရာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အထူးသဖြင့် နှလုံးသားရေးရာနဲ့ ပါတ်သက်တဲ့ အတွေ့အကြုံမျိုးတွေမှာဆိုရင် ပိုလို့တောင် မေ့မရနိုင်အုန်းမယ်။ ဘတ်ဟျွန်းရဲ့ အချစ်ဦး ရည်းစားဦးက သူ့အကြိုက်အလိုက် အမှတ်ပေးရမယ်ဆိုရင် ဆယ်မှတ်မှာ ကိုးမှတ်လောက် ပေးဖြစ်မယ်ထင်တယ်။ ရုပ်ချောတယ်၊ အကတော်တယ်။

သူငယ်ချင်းတွေကိုတောင် စနှောက်ပြီးပြောဖူးတယ်။ လာကြိုက်တဲ့ ကောင်မလေးကသာ အကသမားဖြစ်နေခဲ့မယ်ဆိုရင် ရုပ်ရည်၊ အကျင့်စရိုက်တွေမပါဘဲ နှစ်သက်မှုကိုပဲ 45 ရာခိုင်နှုန်း အရင်ရနေလောက်ပြီးပြီလို့။ တကယ်လည်း ကြိုက်ခဲ့မိပါတယ်။ လာကြိုက်သမျှ ကောင်မလေးတွေကို ကျော်ပြီးတော့ကို ထိုကောင်လေးက်ု မြင်မြင်ချင်းမှာတင် သဘောကျခဲ့ရတာ။ ကျောင်းသားတွေ အရှေ့မှာ ယုံကြည်ချက်အပြည့်နဲ့ ကနေပြီးတော့ ယောကျာ်းဆန်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိတဲ့ သူ့အချစ်ဦးကို မြင်မြင်ချင်းကတည်းက အကြည့်မလွဲနိုင်ခဲ့တာ။

ပါတီလုပ်တဲ့ညမှာပဲ တွဲကြည့်မလားလို့ ဖွင့်ပြောခြင်းခံရတော့လည်း အင်းပါ တွဲကြည့်ကြရအောင် ဆိုပြီး မငြင်းနိုင်ခဲ့ဘူးလေ။ ဒါကတော့ သူ့ဘဝရဲ့ ပထမဦးဆုံးအနေနဲ့ ရည်းစားထားတာ ဖြစ်တယ်။ သေချာပေါက်ကို တစ်ဘဝလုံးစာ ရည်ရွယ်ပြီးတော့ အနာဂတ်အစီအစဥ်တွေကိုပါ တစ်ယောက်ထဲ ဆွဲဖြစ်သေးတယ်။ အင်း.....။ သူ့ဖက်ကပဲပေါ့။

............

ဘတ်ဟျွန်းရဲ့ ယခုလို နှစ်ဆယ်စွန်းစွန်း အရွယ်က တစ်ယောက်ထဲ ရေခြားမြေခြား နိုင်ငံခြားအထိကိုပါ လာရတဲ့ ပထမဆုံး အတွေ့အကြုံ ဖြစ်လိမ့်မယ်။ CSAT ဖြေပြီးတာနဲ့ နွေရာသီပိတ်ရက်ကြီးမှာပဲ ဖေဖေတို့က သူ့နောင်ရေးမျှော်ကိုးကာ အမေဖက်အမျိုး တရုတ်တွေ အများကြီးနေတဲ့ Vancouver မှာ ကျောင်းတက်ချင်လားလို့ မေးတာနဲ့ အင်းဆိုပြီးတော့ အထုတ်ဆွဲ၊ တစ်ယောက်ထဲ လေယာဥ်စီး ပြီးရောက်လာတော့တာပဲပေါ့။

CSAT တုန်းကလည်း တက္ကသိုလ် ဝင်ခွင့်မလို့ဆိုပြီး လုပ်ခဲ့ရတာ၊ ပြီးတော့လည်း ပြင်လိုက်ရတဲ့ standardized testတွေနဲ့ မပြီးဆုံးနိုင်သော speaking class, writing class, listening class တွေကို မူးဝေနေအောင် ပြင်ဆင်ပြီးနောက်မှ အောင်မြင်စွာ တစ်ကိုယ်တည်း ဆုတ်ခွာလာနိုင်ခဲ့တယ်။ ဆယ်နှစ်လောက်ကတည်းက မားတို့က သူ့ကို ကလေးထိန်းတွေနဲ့ လွှတ်ထားပြီးတော့ ညဆိုသူအိပ်ချိန်မှ ပြန်လာခဲ့တတ်တာကြောင့် မိဘနဲ့ခွဲခွာရမှုအတွက် ထင်သလောက်တော့ ဝမ်းနည်းပူဆွေးတွေ မရှိနေ။ 

YOU (Completed)Where stories live. Discover now