4. RED Heart

148 16 0
                                    

ဘတ်ဟျွန်းအတွက် အခုတလော အချိန်ကုန်မြန်တယ်လို့ ခံစားနေရတယ်။ အသည်းမကွဲတော့တာတောင် Semester တစ်ခုစာ ရှိခဲ့ပြီဖြစ်၏။ အတန်းစာတွေ လုပ်ရတဲ့အပြင် အလုပ်တွေကလည်း ပိုရှုပ်နေတာကြောင့် ဖင်လှည့်ခေါင်းလှည့်နဲ့။

နေ့ရက်တွေကတော့ သာမာန်လည်း မဟုတ်သလို ဆန်းနေတာလား ဆိုတော့လည်း မဟုတ်။ စာရယ် အလုပ်ရယ် သူငယ်ချင်းတွေရယ်ဆိုပြီး လှည့်ပတ်နေတဲ့ သူ့နေရက်တွေထဲကို အစ်ကိုကြီးတစ်ယောက်က ထပ်ပြီးတော့ ရုပ်ရှင်ဆန်စွာ ဝင်ရောက်လာပြန်သည်။

မှာထားတဲ့ နေ့လည်စာအော်ဒါက ကြာလွန်းနေတာကြောင့် ပျင်းရိလာတာနဲ့ ဘာရယ်မဟုတ် ဖုန်းကိုဖွင့်ပြီးတော့ conversation တစ်ခုကို အပေါ်ဆွဲလိုက် အောက်ဆွဲလိုက် ထပ်ကြည့်မိသည်။ ဖုန်းနံပါတ် တောင်းသွားတဲ့ အစ်ကိုကြီးက သင့်တင့်လျောက်ပတ်တဲ့ အကြောင်းအရာတွေနဲ့ စကားစပြီးနောက် သူ့ရဲ့နေ့စဉ်အပြန်အလှန် စကားပြောမှုမှာ နေရာယူလာပြီ ဖြစ်၏။

မျက်လုံးချင်း ဆုံမိသွားရင် အကြည့်တွေရဲ့ နောက်ကွယ်မှာ ဘာရှိလဲဆိုတာကို မသိအောင် အထိတော့ သူမတုံးသေး။ သို့ပေမဲ့လည်း ဒါက တစ်ယောက်ထဲ ရှောင်ထွက်လို့ရတဲ့ အရာလည်း မဟုတ်နေ။ ဟုတ်တယ်လေ ဟိုဖက်က ဖွင့်ပြောထားတာလည်း မဟုတ်တော့ မသိချင်ယောင်ဆောင်ထားတာက လွဲလို့ ခင်ဗျားကို မကြိုက်ဘူးလို့ ရုပ်တည်နဲ့ သွားပြောရင် မရှိတဲ့အကျိုးတွေ ဟတ်တပ်နည်းကုန်မှာပေါ့။

မဟုတ်လောက်ဘူးလို့ တွေးရင်လည်း မဟုတ်။ ဟုတ်နေလားဆိုရင်လည်း လုံလောက်တဲ့ သက်သေရှိမနေ။ သူ့အဖြစ်ကလည်း ဆုပ်လည်းဆူး စားလည်းရူး။ ကကျိုးကကြောင်တွေ လာပြောရင်တော့ ဘလော့ပစ်မှာလို့ တစ်ယောက်ထဲ လက်သီးလက်မောင်းတန်း ကြိမ်းဝါးထားပေမဲ့ အခုဟာကကျ လမ်းပေါ်က တွေ့လာတဲ့ ကြောင်ပုံလေးတွေ ပို့တာတို့၊ သူစားနေကျ စားသောက်ဆိုင်က အရသာဘယ်လို အသစ်ထပ်ရှိလာတာ တို့ကလွဲရင် ဘာမှမရှိ။

ဘာမဟုတ်တဲ့ကိစ္စ အသေးလေးတွေကို တစ်ဖက်လူ မပျင်းအောင် ပြောလည်းပြောတတ်တယ်။ အင်းလေ အနုပညာကျောင်းသားကိုး။ အဲ့လောက်တော့ ရှိမှာပေါ့။ ဒီလိုနဲ့နေလာရင်းကနေ စကားဝိုင်းလေးတွေကို သူ့ဖက်က သဘောကျမိလာတယ်လို့ ကိုယ့်ဟာကိုယ် ပြန်သိတဲ့အချိန်မှာ ဘုရားပါတမိတယ်။ ထို့အပြင် ငါ့ကိုများ ကစားနေတာလားဘာလားနဲ့ အတွေးများရပြီးနောက် ဒီဆက်ဆံရေးက risky ဖြစ်လွန်းတယ်ဆိုတာ သူသိလာရသည်။

YOU (Completed)Where stories live. Discover now