2.YELLOW Gift

165 18 4
                                    

ကိုယ့်ဘဝကိုယ် တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးက ယုံကြည်မှုပဲ ဖြစ်လိမ့်မယ်လို့ ဘတ်ဟျွန်းက ထင်တယ်။ ကိုယ့်ဟာကိုယ်မှ မယုံရင် ကြိုးစားကြည့်ဖို့က ဖြစ်သင့်တာထက် လုပ်နိုင်စွမ်း လျော့သွားလောက်မယ်။ သူစိမ်းနှစ်ယောက် ဖြစ်ကြတဲ့ ချစ်သူရည်းစားအတွဲကြားမှာ ဆိုလည်း ပိုတောင်လိုအပ်တာပေါ့။ ယုံကြည်မှုမှ မရှိရင် ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးလို့ ခံယူထားတာ။

ဒါပေမဲ့ မျက်စိမှိတ်ပြီး ဒီလူကို ငါယုံတယ်လို့ သတ်မှတ်ထားတာ မဟုတ်ဘူးလေ။ တစ်ဖက်လူကလည်း ကိုယ်ယုံကြည်အောင် နေပေးတာ၊ စိတ်အေးစေတာ သက်သောင့်သက်သာ ရှိစေတာမျိုးမှ ဒီစည်းတစ်ခုထဲမှာ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောင်နိုင်မှာလေ။ ဒါပေမဲ့ ထိုလူကတော့ အဲ့လိုမနေခဲ့ဘူး။ သူ့ကို အကြိမ်ကြိမ်နာကျင်စေသလို မိမိကိုယ်တိုင် ရှိရမဲ့ ယုံကြည်မှုတစ်ခုကိုပါ မဝံ့မရဲဖြစ်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။

အဟောင်းကို မေ့ဖို့ အသစ်ထပ်တွေ့ဖို့ မပြောနဲ့ ရည်းစားထပ်ထားဖို့ဆိုတာကိုပါ အယုံအကြည်မရှိ ဖြစ်လာတယ်။ အခုဒီလိုတွေ ဖြစ်သွားရတာက ဘာလို့လဲ။ သူမှားခဲ့လို့လား..။ သူသာ ဒီထပ်ပိုပြီး ကြိုးစားခဲ့ရင်ဆိုတဲ့ စိတ်နဲ့ ပင်ပန်းရတယ်။ ရည်းစားထပ်မထားချင်တော့ဘူး။

"အီး အီး ရွှတ်"

ညကိုးနာရီထိုးနေပြီ ဖြစ်တဲ့အပြင် လည်ပတ်မှု နည်းတဲ့အချိန် ဖြစ်နေတာကြောင့် ရေခဲပြင်စကိတ်ကွင်းထဲမှာ လူက ထူထပ်မနေ။

ဒီနေ့က သူတို့ရဲ့ ကိုးလပြည့်။ ဒီနေ့ရောက်ရင် ကစားကွင်း တူတူလာမယ်လို့ လုပ်ထားပေမဲ့ တစ်ယောက်ထဲ ဖြစ်နေခဲ့တယ်။ သူနဲ့ပါတ်သက်တဲ့ အမှတ်တရတွေ ထပ်မခြောက်လှန့်တော့အောင် ဒီရေခဲပြင်စကိတ်အတွက် ခံစားချက် ဗလာဖြစ်သွားတဲ့အထိ  တမုန်းစီးပစ်မယ်လို့ ကြံရွယ်ခဲ့သော်လည်း ကျလာတဲ့ မျက်ရည်တွေကြောင့် အမြင်အာရုံတွေ ဝေဝါးလာပြီးတော့ လဲကျတော့မလို ဖြစ်သွားခဲ့တယ်။

"အမေရေ"

ချော်လဲပြီး သွားပြုတ်ထွက်လာတော့မယ်လို့ ထင်ခဲ့ပေမဲ့လို့ တစ်ခြားကစားသူတစ်ယောက်က ထိန်းကိုင်ပေးလိုက်တာနဲ့ တူပါတယ်။

YOU (Completed)Where stories live. Discover now