(Z) 3.Blooming PINK

20 2 0
                                    

အသည်းကွဲနေသော်လည်း ဘတ်ဟျွန်းကတော့ သူ့ဘဝသူ အရှုံးပေးခဲ့တာမျိုး မရှိခဲ့ဘဲ လုပ်နေကြလိုမျိုး လုပ်စရာရှိတာတွေ လုပ်တယ်။ ပြောရရင် အလုပ်တွေကို ပိုတောင်လုပ် ဖြစ်နေသေးတယ်။ ခန္ဓာကိုယ် ပင်ပန်းနေရင် စိတ်ပင်ပန်းတာကိုများ မေ့ထားနိုင်မလားလို့ ထင်လို့လေ။ စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေတဲ့သူ့ကို ဇိုအီတို့က ကြည့်မရဖြစ်လာကာ သူငယ်ချင်းအဖွဲ့လိုက် အတင်းဆွဲခေါ်ရာနောက်သို့ ပါလာခဲ့တော့တယ်။

"ဘတ်ဟျွန်းရေ ခဏကိုင်ပေးပါအုန်း"

ဇိုအီနဲ့ သူငယ်ချင်း သုံးယောက်လောက်ကတော့ ရေထဲ ပြေးဆင်းသွားနှင့်ပြီ။ သူကတော့ မဆင်းနိုင်သေးပါ။ ဘာလို့ဆို မယ်ရီက Suncream ဘူး ရှာမတွေ့ဘူးလို့ အော်ကာ သူ့ရဲ့မပြီးမစီးနိုင်သော အထုတ်ပေါင်းများစွာကို ဘတ်ဟျွန်းလက်ထဲသို့ ရော့အင့်ဆိုပြီး လာထိုးထည့်ထားသောကြောင့်ဖြစ်၏။ နောက်ဆုံးတွင်တော့ ရှာပုံတော်အောင်မြင်သွားကာ သူလည်း ရေထဲဆင်းလာနိုင်တော့သည်။

"ဗိုက်ဆာလာပြီ။"

"ဘီဘီ အိတ်ထဲမှာ ခေါက်ဆွဲဘူးပါတယ်၊"

"အိုကေ"

တရုတ်ခေါက်ဆွဲဘူးလေးကို ကိုင်ကာ ကနူးလှေပေါ်မှာထိုင်၊ ရေထဲခြေထောက်စိမ်ကာ ပါးစပ်ထဲသွတ်ထည့်မိနေသည်။

"ဘီဘီ"

လှေလှော်ရင်း သူ့ကိုလှမ်းခေါ်တာကို ခေါင်းငြိမ့်ပြတော့ ဇိုအီက

"နင် blind date လုပ်ကြည့်မလား၊ ရှေ့နေကျောင်းက ငါ့အသိအစ်ကိုက နင့်ကိုစိတ်ဝင်စားလို့တဲ့"

ခေါင်းခါပြလိုက်တော့ ဇိုအီက နှာခေါင်းရှုံ့ပြေတာ့သည်။ Move on မလုပ်နိုင်သေးတာလား ဘာလားညာလားနဲ့ ပြဿနာရှာသံတွေကို နားပဲထောင်ပေးနေလိုက်ရသည်။ စိတ်ပြတ်တာ မပြတ်တာထက် သူပင်ပန်းနေပြီလေ။ ဒါကိုပြောရင် ဇိုအီတို့က နင်က အဘိုးကြီးလားဆိုပြီး ကြိတ်ကြမှာ မြင်ယောင်တာမလို့ မပြောပြ ဖြစ်တော့ပါ။

"ဟဲ့ ဘယ်သွားမလို့လဲ"

"တောင်းပန်ပါတယ် အမေရာ၊ ဗိုက်ကလေး ဆာတော်မူနေသေးလို့ပါ"

YOU (Completed)Where stories live. Discover now