အပိုင်း (၁)

699 75 6
                                    

" ကိုကို "

ခြံပြင်မှခေါ်သံကြောင့်‌ ဆောင်းဟွန်းခေါင်းဝေ့ကြည့်လိုက်တော့ ခြံတိုင်ကြားမှကလေးသေးသေးလေးတစ်ယောက်ကိုမြင်လိုက်ရ၏။မျက်စံညိုလေးများကအဝေးကလှမ်းမြင်နေရတာတောင်တောက်ပနေကြ၏။

" ကိုကိုမြန်မြန်တံခါးလာဖွင့်ပေးတော့ ဆောနူနေပူနေပြီ "

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ဆောင်းဟွန်းနဲ့အတူကစားရန်ထိုကလေးလေးရောက်ရှိလာခြင်းဖြစ်၏။

" အာ ကိုကိုလာပြီ "

ထိုကလေးလေးအားနေပူဒဏ်ကြာကြာမခံစေလိုတာကြောင့်ဆောင်းဟွန်းအပြေးကလေးခြံတံခါးဆီပြေးသွားလိုက်၏။

" နေအုံး ငါလည်းဝင်အုံးမယ် "

ဆောနူဝင်ပြီးသည်နှင့်ပိတ်ဖို့ပြင်နေသည့်ခြံတံခါးကိုအတင်းတိုးဝင်လာသူက ရှင်းဂျယ်ယွန်းပင်ဖြစ်၏။ဆောင်းဟွန်းနဲ့ဆောနူကိုအတင်းတိုးတိုက်ဝင်ကာအိမ်ထဲသို့ပြေးဝင်သွား၏။

‌" ကိုကြီးက တအားရှုပ်တာပဲ "

ညည်းညည်းငြူငြူလေးပြောလာသည့်ဆောနူရဲ့စကားကြောင့်ဆောင်းဟွန်းအသည်းယားစွာပြုံးမိလိုက်သည်။
ဆောနူက အစ်ကိုရင်းဖြစ်သည့်ဂျယ်ယွန်းထက်ကိုယ့်ကိုပိုခင်တွယ်သည်။ဒါကြောင့်ကျောင်းပိတ်ရက်မှာတင်မကအားလပ်ချိန်တိုင်းဆောင်းဟွန်းနားမှာကြောင်ကလေးလိုကပ်တွယ်နေတတ်၏။

" ဒီနေ့ ကိုကိုကဆောနူနဲ့ပဲကစားရမယ်နော် ၊ ကိုကြီးနဲ့ကစားရင်စိတ်ဆိုးမှာ "

ရာဇသံပေးကာအိမ်ထဲဝင်သွားသူနောက်သို့ ဆောင်းဟွန်းခေါင်းရမ်းရင်းပြုံးကာလိုက်ဝင်လာခဲ့၏။အပြစ်တင်ဖို့နေနေသာသာဒီကောင်လေးကိုစိတ်နဲ့တောင်သူအပြစ်မတင်ရက်။

" ဟာ ဆောနူလေး "

ကိုကို့မေမေကဆောနူကိုမြင်တော့ပြုံးရွှင်စွာနှုတ်ဆက်၏။ဆောနူတို့အိမ်နဲ့ကိုကိုတို့အိမ်ကနှစ်အိမ့်တစ်အိမ်လိုဖြစ်နေတာကြောင့်မိဘချင်းရင်းနှီးမှုကလည်းရှိကြ၏။အိမ်နှစ်အိမ်၏မိခင်နှစ်ယောက်မှာတစ်ကျောင်းတည်းထွက်သူငယ်ချင်းများဖြစ်ကြသလိုယခုလည်းတစ်ကျောင်းတည်းမှာပင်အထက်တန်းပြဆရာမများအဖြစ်တာဝန်ယူသင်ကြားနေသည့်ဆရာမများဖြစ်ကြ၏။

Give me your Forever (Completed )Where stories live. Discover now