အပိုင်း (၈)

316 42 2
                                    

ခြံထဲသို့ဝင်လာသည့် သားနှစ်ယောက်ကိုမြင်တော့မိခင်ဖြစ်သူမှာထိတ်ထိတ်ပြာပြာ။
သားကြီးက သားငယ်လက်ကိုဆွဲကာခေါ်လာသည့်ပုံစံကပုံမှန်မဟုတ်။

" သားကြီး ဘာဖြစ်လာတာလဲ "

သားငယ်မှာ ငိုထားသည့်အရှိန်မပြယ်သေးသလို မျက်ရည်တွေသုတ်နေ၏။သားကြီးမှာလည်း မမြင်စဖူး မျက်ရည်ဝဲလို့။
မိခင်ဖြစ်သူမှာသားနှစ်ယောက်၏ပုံစံကြောင့်ရင်တုန်ပန်းရှိနေ၏။

" ဆောနူ အခန်းထဲသွားတော့ "

အကိုဖြစ်သူရဲ့စကားကိုနာခံစွာ ဆောနူကအပေါ်ထပ်သို့တက်သွား၏။

" မေမေ ၊ သားပြောတာကိုမေမေသေချာနားထောင်ပေးပါ၊
နောက်ပြီး ဆောနူကိုလည်း မေမေနားလည်ပေးစေချင်တယ် "

" ဘာဖြစ်လာကြတာလဲ သားကြီး ၊ မေမေ မထိတ်သာမလန့်သာရှိလိုက်တာကွယ် "

" မေမေ ၊
ဆောနူနဲ့ဆောင်းဟွန်းတွဲနေကြတယ် "

ကျွန်တော့်စကားကြောင့် မေမေ့မျက်နှာလေးအံ့ဩသွားဟန်။
ဒါပေမဲ့ စိတ်ဆိုးဟန်မပြတာကြောင့် သူဆက်ပြောရန်စကားဆက်လိုက်သည်။

" နောက်ပြီး ၊ သူတို့တွဲနေတာကို အန်တီသိသွားတယ် "

" ဒါဆို ၊ ပြဿနာတွေဖြစ်ခဲ့တာလား သားကြီး "

" အန်တီက အရမ်းစိတ်ဆိုးနေတယ် "

မေမေကသက်ပြင်းကလေးအသာချကာ သူ့အနားလာ၏။

" မေမေ့သားကြီး မျက်ရည်ဝဲတာ ဒီတစ်ခါပဲ မေမေမြင်ဖူးတယ် ၊ သူတို့က သားငယ်ကိုဘာတွေများပြောလိုက်ကြသေးလို့လဲ သားကြီး "

" ဟင့်အင်း ဘာမှမပြောပါဘူး ၊
ဆောနူကို မေမေနားလည်ပေးစေချင်တယ် ၊ အထူးသဖြင့် ဆောနူရဲ့ဖြစ်တည်မှုကိုလေ "

မေမေကအေးချမ်းစွာပြုံးပြလာ၏။

" မေမေက မေမေ့သားတွေရဲ့ပျော်ရွှင်မှုကိုပဲ လိုချင်တာပါကွယ် "

သူ့ မေမေ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။မေမေ့ရဲ့နားလည်ပေးမှုအတွက် မျက်ရည်ပါကျရသည်။
သူနဲ့ဆောနူက ငယ်ငယ်ကတည်းကချစ်ချစ်ခင်ခင်နေကြတာမျိုးမရှိပေမဲ့ သူ့ရဲ့တစ်ဦးတည်းသော ညီလေးကိုသူချစ်သည်။
ဒါကြောင့် ဆောင်းဟွန်းဟာဘယ်လိုပင် အချစ်ဆုံးသူငယ်ချင်းဖြစ်နေပါစေ သူ့ညီလေးကိုသူကာကွယ် ပေးရမည်။

Give me your Forever (Completed )Where stories live. Discover now