လေဆိပ်တွင် ဂျယ်ယွန်းနဲ့ဂျုံဆောင်းအပြင်ဂျယ်ယွန်းရဲ့မိခင်ပါလိုက်ပါလာ၏။မကြာခင်ရောက်လာကြတော့မည့်ဧည့်သည်များကိုစိတ်လှုပ်ရှားစွာစောင့်ကြိုနေကြ၏။
" လေယာဉ်ဆင်းလာပြီ မေမေ "
လေယာဉ်ဆင်းလာတာကိုမြင်တော့အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။သိပ်မကြာခင်လေယာဉ်ပေါ်မှခရီးသည်များအလျှိုလျှိုဆင်းလာကြသည်။ခရီးသည်တွေသိပ်မများတာကြောင့်ဆောင်းဟွန်းတို့ကိုကြာကြာမရှာလိုက်ရ။
" ဆောင်းဟွန်း "
ဂျယ်ယွန်းနဲ့ဂျုံဆောင်းမှာဆောင်းဟွန်းကိုမြင်သည်နှင့်ဝမ်းသာအားရအော်ကာလက်ပြနေကြ၏။တစ်ဖက်မှဆောင်းဟွန်းမှာလည်းသူငယ်ချင်းနှစ်ယောက်၏အော်သံကြောင့်မြင်တွေ့သွားသည်ထင်၏။ပြန်၍လက်ပြလာသည်။ဆောနူများပါလာလေမလားလို့သူရှာမိပေမဲ့ဂျယ်ယွန်းတို့နားမှာအန်တီ့ကိုသာမြင်ရ၏။
" ငါတို့ကောင်ကြီးကိုလွမ်းနေတာ "
သူငယ်ချင်းသုံးယောက်သားစနောက်ခါလေဆိပ်မှာတင်လုံးထွေးနေကြ၏။
_______
ပြန်ရောက်ခါစမို့အိမ်မှာပစ္စည်းများနေရာချနေရသည်။ဂျယ်ယွန်းနဲ့ဂျုံဆောင်းကကူညီလုပ်ကိုင်ပေးကြ၏။ပြန်ရောက်ချိန်ဟာတစ်ရက်သာကုန်သွားတယ်အခုထိသူဆောနူကိုမတွေ့ရသေး။သူပြန်ရောက်နေတာကိုဆောနူသိရောသိပါ့မလား။
သူ့ဆီကိုတစ်ခါလေးတောင်ထိုကောင်လေးလာမတွေ့ပါ။သူလည်းအခုမှပြန်ရောက်ခါစမို့အလုပ်ရှုပ်နေတာနှင့်ဂျယ်ယွန်းတို့အိမ်ကိုမရောက်ဖြစ်။ဂျယ်ယွန်းကသာအိမ်သို့လာကာကူညီပေးနေခြင်းဖြစ်၏။" စိတ်ပူမနေနဲ့ ငါပြောထားပါတယ် "
တစ်ဖက်အိမ်ဘက်သို့လည်တဆန့်ဆန့်ဖြစ်နေသူအားကြည့်ပြီးဂျယ်ယွန်းမနေသာတော့။ဆောနူဒီကောင်ပြန်လာတာကိုအစကတည်းကသိသည်။မေမေကလေဆိပ်လိုက်မလားမေးသေးသည်။သို့ပေမဲ့ ဆောနူကငြင်းခဲ့၏။
" ဒီကောင်လေးငါ့ကိုအရင်လိုမခင်တော့ဘူးနဲ့တူတယ် "
" မင်းဟာလေးက သူငယ်ချင်းအသစ်ရနေပြီလေ "