အတူတူလျှောက်လာတဲ့ နှစ်ယောက်ကို နီခီအဝေးမှကြည့်နေမိသည်။ ဆောနဲ့ဟိုလူ
ဆောက ပတ်ဆောင်းဟွန်းကို ဟိုလူ လို့သုံးနှုန်းတာမကြိုက်ပါ။" နီခီ စောင့်နေတာကြာပြီလား "
" သိပ်မကြာသေးပါဘူး ဆော "
သူ့ရှေ့မှနှစ်ယောက်ကိုကြည့်နေသည့် နီခီ့အကြည့်တွေဟာ မှုန်မှိုင်းလို့။
ရှုံးနိမ့်ပြီးသား ပြိုင်ပွဲတစ်ခုကို ဆောက သူ့အားလက်နက်ချစေခဲ့သည်။ သူ ဟိုလူ့ကိုသိပ်မနာလိုဖြစ်မိပါ၏။သူနဲ့အတူလျှောက်လာသည့် ဆောက အရင်ကလိုငြိမ်သက်နေတဲ့ရေပြင်ကျယ်လိုမဟုတ်တော့။
ကလေးတစ်ယောက်သဖွယ် ပျော်ရွှင်ကြည်နူးနေဟန်ရှိသည်။
ဒါက သူမမြင်ခဲ့ရဖူးသည့် ဆော ရဲ့ တစ်ဖက်ခြမ်းလား။_______
" အာ နီခီ "
နီခီကသူ့ကိုပြုံးပြလာ၏။ ဆောင်းဟွန်းပြန်လည်ပြုံးပြလိုက်သည်။ဒီတစ်ခါ သူ နီခီ့ကိုပြုံးပြခြင်းက ပကတိကြည်လင်သည့်စိတ်နှင့်ဖြစ်သည်။
" ကျွန်တော် အကို့ကိုစောင့်နေတာ "
နီခီ့စကားကြောင့် ဆောင်းဟွန်းအနည်းငယ်တော့ စိတ်ထဲစနိုးစနောင့်ဖြစ်သွားသည်။
သေချာပေါက် ဆောနူနဲ့ပတ်သက်နေမည်ကိုလည်း ဆောင်းဟွန်းစိတ်ထဲ ခံစားနေမိသည်။" နီခီ အကို့ကို ဘာပြောစရာရှိလို့လဲ "
" သေချာပေါက် ဆောအကြောင်းပေါ့ "
နီခီက ခဏတာ တိတ်ဆိတ်သွား၏။
" ကျွန်ဝောာ် ဆောကိုချစ်တယ် အကို ၊ စတွေ့တွေ့ချင်း ချစ်မိခဲ့တာ ၊ ကြာလာတော့ပိုတောင်ချစ်မိလာသေးတယ် ၊ အကိုရောက်မလာခင်အထိ ဆောကိုကျွန်တော်ပိုင်ဆိုင်ရမယ်လို့ယုံကြည်ထားခဲ့တာ "
" အဟက်
အကိုရောက်လာမှ ကျွန်တော့်ယုံကြည်မှုတွေက
အရာမထင်မှန်းသိလာခဲ့တာဗျ "နာနာကျင်ကျင်ပြုံးနေသည့် နီခီ့ကို သူစိတ်မကောင်းစွာကြည့်နေမိသည်။
" ဆောနှလုံးသားထဲမှ အရင်ထဲက အကိုကနက်နက်ရှိုင်းရှိုင်းရှိနေခဲ့တာပဲ ၊ ကျွန်တော်မမြင်ခဲ့ရဖူးတဲ့ ဆောအပြုံးတွေက
အကိုကို့ အများဆုံးပြုံးပြခဲ့ဖူးဝာာတဲ့လေ "