ဆောင်းဟွန်း မိခင်ဖြစ်သူကိုနားချပေမဲ့ အခုထိမိခင်မှာလက်မခံနိုင်သေး။
ဂျယ်ယွန်းကြောင့် သူဆောနူကိုလည်းသွားတွေ့လို့မရ။ဂျယ်ယွန်းကလုံးဝအတွေ့မခံ။
ဆက်သွယ်မှုတွေအားလုံးကို ဖြတ်တောက်ထား၏။ဆောနူ ကို သူအရမ်းလွမ်းနေပြီဖြစ်ပေမဲ့။အခုထိမျက်နှာလေးတောင်မမြင်ရသေးပါ။
" အကို့ကို ကူညီပေးနိုင်မလား နီခီ "
" ကျွန်တော့်ကို သစ္စာဖောက်ခိုင်းနေဝာာလား "
" ဟင် ဘာကိုပြောချင်တာလဲမသိဘူး "
နီခီ့ရဲ့အသုံးအနှုန်ူးကို ဆောင်းဟွန်းနားမလည်တာကြောင့်ပြန်မေးလိုက်၏။
" ဆောက ကျွန်တော့်သူငယ်ချင်းလေ ၊
နောက်ပြီး ဆော မိသားစုက ကျွန်ဝောာ့်မိသားစု "နီခီ့စကားကြောင့် ဆောင်းဟွန်းအားလျော့စွာသက်ပြင်းချမိသည်။
နီခီကလည်း သူ့ကို ကူညီမဲ့ပုံမပေါ်။" ကျွန်ဝောာ်က ဆောကို ချစ်နေလို့ ၊ အကိုနဲ့ဝေးစေချင်လို့ မကူညီတာမျိုး မဟုတ်ဘူးဆိုတာကိုတော့ နားလည်ပေးစေချင်တယ် ၊
အကိုဂျယ်ယွန်းလုပ်တာတွေက ဆော အတွက်လေ ၊
ဒါကို အကိုလည်းနားလည်မယ်ထင်ပါတယ် "ဆောင်းဟွန်း ငြိမ်ကျသွားသည်။
သူ ဂျယ်ယွန်းကိုနားလည်ပါသည်။
ညီဖြစ်သူကို အစွမ်းကုန်ကာကွယ်ပေးနေတဲ့ ဂျယ်ယွန်းက
အကိုကြီးပီသပါတယ်။
သူကသာ ဆောနူအတွက်လုံလောက်တဲ့အချစ်တစ်ခုကိုမပေးနိုင်သေးတာ။သူကြိုးစားနေတယ်ဆိုတာကိုတော့ ဆောနူကိုသိစေချင်တယ်။
" အကိုနဲ့ဆော အဆင်ပြေအောင်
ဆုတောင်းပေးနေပါ့မယ် ၊ ဆောကလည်းအကိုနဲ့ပျော်ရွှင်မဲ့သူပါ ၊ ဒါကိုတော့ ကျွန်ဝောာ် ကောင်းကောင်းသိတယ် "______
ထမင်းဝိုင်းက အရင်လိုနွေးထွေးမှုမရှိ။တိတ်ဆိတ်ခြောက်ကပ်ကာ အေးစက်နေသည်။
ဇွန်းသံပန်းကန်သံကလွဲပြီး တစ်ဉီးတစ်ယောက်၏ ဘာစကားသံမှထွက်မလာ။ခဏအကြာမှာ ဆောင်းဟွန်းမိခင်က ထမင်းဝိုင်းမှထထွက်သွား၏။
ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း မေမေ ထမင်းကောင်းကောင်းမစားတာကို ဆောင်းဟွန်းသိနေသည်။
ဒါပေမဲ့ သူသက်ပြင်းချရုံကလွဲပြီးဘာမှမတတ်နိုင်။
စိတ်ဓာတ်မာကျောကာ ပြတ်သားလွန်းတဲ့ မေမေ့ကိုသူဘယ်လိုနားချရမလဲမတွေးတတ်တော့ပေ။