ဆောနူလက်ကိုဆွဲကာ ဆောင်းဟွန်းစာကြည့်တိုက်ခန်းထဲသို့ခေါ်လာခဲ့၏။
တိတ်ဆိတ်နေတဲ့ စာကြည့်တိုက်ခန်းထဲမှာဘယ်သူမှရှိမနေ။
ဒီနေ့ ဆောနူတို့စာမေးပွဲဖြေသည့်သုံးရက်မြောက်နေ့။
ဒါကြောင့်အားလုံးက စာမေးပွဲခန်းရှေ့တွင်ရှိနေကြ၏။" ကိုကို ဘာလုပ်ဝာာလဲ "
ဆောင်းဟွန်းရဲ့လုပ်ရက်ကို ဆောနူကနားမလည်သလိုမေးလာ၏။တိတ်ဆိတ်နေတဲ့စာကြည့်ခန်းထဲ ဆောနူအသံကလှိုင်းထသွားသည်။
ထောင့်တစ်နေရာကို ဆောနူအားဆွဲကပ်လိုက်တော့
" ကိုကို "
" ကိုကို ဆောနူကိုလွမ်းလို့ ၊
အိမ်ကိုသွားလည်း ဆောနူကကျူရှင်မှာပဲ ၊
ကျောင်းမှာလည်းမတွေ့ရဘူး ၊
အိမ်မှာလည်းမတွေ့ရ ၊ကျောင်းမှာလည်းမတွေ့ရဆိုတော့ ကိုကိုလွမ်းလို့သေတော့မယ် "" အပိုတွေပါဗျာ "
နှာခေါင်းလေးရှုံ့ကာ ဆောနူကပြောလာသည်။
" တကယ်ပြောတာ "
" စာမေးပွဲဖြေရအုံးမယ် ကိုကိုရ "
ဆောင်းဟွန်းနာရီကိုတစ်ချက်ကြည့်လိုက်သည်။
" နာရီဝက်တောင်လိုပါသေးတယ်ကွာ ၊
ကိုကိုနဲ့ခဏနေပါအုံး "ဆောနူ ကိုကို့ကိုသနားမိသည်။
ချစ်သူဖြစ်ပြီးနောက်ပိုင်း သူနဲ့ကိုကိုသေသေချာချာမတွေ့ရတော့။စာမေးပွဲကြောင့် ဆောနူမှာ ကျူရှင်ပြေးရ၊ကျောင်းပြေးရနဲ့ ကိုကို့ကိုအချိန်ပေးမတွေ့ပေးနိုင်။
သူလည်းကိုကို့ကို အရမ်းလွမ်းပါသည်။" အခုတွေ့ရပြီမလား "
" အင်း အခုမှပဲသေချာတွေ့ရတော့တယ်ကွာ "
ကိုကိုကရေရွတ်ရင်း ဆောနူပုခုံးထက်မှောက်ချကာတရှုံ့ရှုံ့နမ်းနေသည်။
" ကိုကို "
" ရှူး "
ကိုကိုက ဆောနူနှုတ်းခမ်းပေါ်လက်ညှိုးကပ်ကာပြောလာ၏။
" ကိုကို ဆောနူကိုနမ်းအုံးမယ် "
ကိုကို့အနမ်းတွေကို ဆောနူကြည်နူးစွာခံယူရင်း။
ဘယ်တုန်းကမှ နှုတ်ခမ်းနဲ့တင်မပြီးတဲ့ကိုကိုက လည်ပင်းဆီရောက်လာ၏။