" မေ "
ခြံရှေ့မှ မေ က သူမကိုကြည်ရွှင်စွာပြုံးပြနေ၏။
.....
" မေ .... ဆောယွန်းတို့ကို လာတောင်းပန်တာပါ "
" အို မဟုတ်တာ မေရယ် ၊ ငါ မေ့ကို နားလည်ပါတယ် "
သူမကနားလည်စွာပြုံးပြတော့ မေက ကျေးဇူးတင်စွာပြုံး၏။
" အဲ့နေ့က ငါအရမ်းမှားသွားမှန်းသိပါတယ် ဆောယွန်း ၊
ဒါပေမဲ့ .... ဒါပေမဲ့လေ "" ငါနားလည်ပါတယ် မေ ၊ငါလည်း မိခင်တစ်ယောက်ပဲမို့
မေ့ကို ငါအများကြီးနားလည်ပါတယ် "သူမတို့နှစ်ယောက်ကြားစကားတွေအများကြီးပြောစရာမလိုခဲ့။သူငယ်ချင်းတွေမို့နားလည်မှုတွေနဲ့သာပြေလည်မှုရခဲ့သည်။
_______
" ဖြစ်ပါ့မမလား ကိုကို "
" မေမေ ကိုယ်တိုင်ခေါ်ခိုင်းလိုက်တာပါ ၊ ကိုကို့ကို ယုံ "
စိုးရိမ်စိတ်ဖြင့်စိတ်လှုပ်ရှားနေသည့် ဆောနူလက်ကိုဆွဲကာအိမ်ထဲဝင်လာခဲ့သည်။
မေမေက ဧည့်ခန်းမှာအသင့်ကြိုစောင့်နေ၏။" ဆောနူလေး "
အန်တီ့ဆီက ဆောနူလေး ဆိုတဲ့ အခေါ်အဝေါ်ကိုကြားခါမှ
သူစိတ်သက်သာရာ ရသွား၏။
အန်တီ့ဆီက ဒီလိုခေါ်သံကို အချိန်တစ်ခုထိမကြားခဲ့ရဘူးလေ။" မေမေ ၊ ဆောနူ ကိုပြောစရာရှိလို့ဆို "
" အိုကွယ် ဒီကလေးသိပ်လောတာပဲ "
လောနေသည့်သားဖြစ်သူကို မိခင်က အမျက်မပါသည့်မျက်စောင်းကလေးဖြင့်မာန်၏။
" အန်တီ သားတို့ကိုခွင့်ပြုလိုက်ပြီ ၊
နောက်ပြီ ဆောင်းဟွန်းကျောင်းပြီးတာနဲ့ သားတို့ကိုလက်ထပ်ပေးချင်တယ် "" ဗျာ "
အံ့ဩကာဆိုလာသည့် ဆောနူကို ဆောင်းဟွန်းနဲ့သူ့မိခင်ကသဘောကျစွာပြုံးကြည့်နေ၏။
" အဲ့ဒါက မေမေတို့ကိုပြောရမယ်ထင်တယ် ၊
ကိုကြီးကိုလည်း ပြောရအုံးမယ် "" အဲ့အတွက်စိတိမပူပါနဲ့ ၊ ဆောယွန်းနဲ့အန်တီပြောခဲ့ပြီးပါပြီ၊
အခုက သားရဲ့ဆန္ဒကို မေးချင်တာ "