.....အဆိုးလေးရဲ့ကိုကို (s2)......
.....အပိုင်း (၃)....."ဂျောင်ဂု မင်းဘယ်တော့ကောင်မလေးတွေကို အတည်တွဲမှာလည်း.."
သူတို့ သုံးယောက်ကလပ်ထဲကိုရောက်နေကျခြင်းပင် ဂျောင်ဂု အနားမှာလည်းကောင်မလေးတွေသညအလည်း အနည်းဆုံးသုံးယောက်လောက်ရှိနေသည်..။ဂျောင်ဂုရည်းစားများတာလည်း သူတို့အသိဆုံးပင် ဒါပေမဲ့ ဘာ်ကောင်မလေး ဘယ်လောက်လှလှ ဂျောင်ဂုကဘယ်တော့မှ တစ်လပြည့်အောင်မတွဲ အကြောင်းပြချက်မဲ့စွာဖြတ်ချခဲ့သည်..ဒါတွေကလည်း သူတို့အမြင်ပင် ဒါကြောင့်ထယ်ယောင်းကမေးလိုက်ခြင်း...။သူမေးတာကိုမဖြေပဲ အရက်ခွက်ကိုသာကောက်မော့နေတာကြောင့် ထယ်မျက်မှောင်ကြုံ့သွားရသည်..သူဂျောင်ဂုကိုမကြိုက်တာဒါတွေ ဘယ်တော့မှစကားကိုအလေးနက်မပြောဘူး...။
"အဟားဟား မင်းကလည်း ငါအရက်လေးတော့ဝင်အောင်သောက်ပါရေစဦး ကြည့်ဦးကွာ မျက်နာကြီးကဖြစ်ပျတ်သွားတာ ကလေးကျနေတာပဲ...."
"ငါစကားကိုအတည်ပြောနေတာဂျောင်ဂု မင်းကောင်မလေးတွေကို ကစားစရာလို့ထင်နေတာလား..မင်းအလှည့်ကျရင် အထိနာလိမ့်မယ်နော်.."
"အဟားဟား ငါဆိုတဲ့ကောင်က မိန်းမတွေကြောင့် ဘယ်တော့မှအထိနာစေရဘူး အ့ဒါကိုမင်းသိထား."
ဂျောင်ဂု ထယ့်ကို ဂရုမစိုက်စွာပြောပီး အရက်နောက်တစ်ခွက်ကိုခွက်ထဲထည့်ပီး ထရပ်လိုက်သည်...။
"ငါနောက်တစ်ခုမေးမယ်.."
"ဘာလည်းထယ်ယောင်းရာ ကလပ်လာပီး မင်းမေးခွန်းတွေပဲမေးတော့မှာလား ဟိုမှာ ကောင်မလေးတွေ ကဲဖို့စောင့်နေတာ အားနားစရာကြီး မင်းမေးခွန်းပီးမှမေး ငါခုတော့သွားကဲပီ.."
"ဂျီမင်း မင်းကိုကိုကိုရော မင်းဘလိုသဘောထားလည်း."
ဂျောင်ဂု ရှေ့ဆက်တိုးမယ်ခြေလှမ်းတွေက တုန့်ခနဲရပ်သွားကာ ထယ့်ကို မကြည်သလိုကြည့်လိုက်သည် အမှန် ဆိုဒီလိုနေရာမျိုးတွေမှာ သူ့ကိုကိုအကြောင်းပြောတဲ့လူကတခြားသူဆို ဂျောင်ဂုဆွဲထိုးမိမှာအမှန်..။ဂျောင်ဂု လက်မှာကိုင်ထားတဲ့ အရက်ခွက်ကို စောင့်ချလိုက်ပီး...။
YOU ARE READING
အဆိုးလေးရဲ့..ကိုကိုs2
Fanfictionချစ်တယ်...မောင့်ကလေးလေး... jeon jung kook မင်းကတကယ်အဆိုးလေးပဲ...ဂျောင်ဂု.. park jimin...