"တီ..တီ.တီ.."
"ဟင် အင်း "
ဂျောင်ဂုမနက်သွားရမည့်နေရာတေိ်ကများတာကြောင့်ဖုန်းအလန်းလုပ်ထားခြင်းပင်..ဖုန်းကိုကောက်ယူဖွင့်ကြည့်လိုက်တော့ မနက်၈နာရီထိုးနေပီ သူ့ရင်ခွင်ထဲကသူ့လူကိုကြည့်မိတော့ နူတ်ခမ်းလေးစူထော်ကာနှစ်နှစ်ရှိုက်ရှိုက်အိပ်ပျော်နေတာကြောင့် မနှိုးရက်သေးပဲ ဖုန်းအလန်းကို၁၀နါရီပြောင်းကာသူပါပြန်အိပ်လိုက်သည်...။
"တီ တီ တီ တီ..."
"ကျစ် ခုမှပြန်အိပ်တာကို ဘာလို့ အလန်းကထပ်မြည်နေရပြန်တာလည်း."
ဂျောင်ဂု မျက်လုံးကိုမဖွင့်ပဲဖုန်းအလန်းကိုပြန်ပိတ်ကာ သူ့ကို ကျောပေးအိပ်နေတဲ့ဂျီမင်းကိုယ်လေးကိုသူ့ရင်ခွင်ထဲဆွဲသွင်းကာ ပြန်အိပ်စက်လိုက်သည်..။ အချိန်တွေကတရွေ့ရွေ့ကုန်ဆုံးနေပေမဲ့ ကုတင်ပေါ်ကကောင်လေးနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ဖက်အိပ်နေကျသည်..။
"အင်း ဂျီမင်းခုထိမနိုးသေးဘူးပဲ ဘယ်နှနာရီ ထိုးနေပီလည်း.."
ဂျောင်ဂု မျက်လုံးမဖွင့်ပဲ သူ့ဖုန်းကိုလိုက်ရှာနေလိုက်သည်..။ဂျီမင်းကိုကြည့်တော့လည်းအိပ်နေတာများ ပါးစပ်လေးဟောင်းလောင်းလေးနဲ့ပင်..။ဖုန်းကသူ့ကျောအောက်ရောက်နေတာကြောင့် ဖုန်းကိုယူကာ ဖွင့်ကြည့်လိုက်သည်..။
"ဟမ် မဟုတ်တာ. "
ဂျောင်ဂု သူ့မျက်လုံးများအမြင်မှားတယ်အထင်နဲ့မျက်လုံးတွေပွတ်သပ်ကာ ထပ်မံဖုန်းကိုကြည့်မိပြန်သည်..။
"တကယ် တကယ် ကြီး၁၂နာရီထိုးသွားတာလား.."
ဂျောင်ဂု လက်ထဲက ဖုန်းကိုချလိုက်ပီးတာနဲ့ ဂျီမင်းကိုလှုပ်နိူးရသည်..။
"ဂျီမင်း ထ ဂျီမင်း ၁၂နာရီထိုးနေပီ ထတော့.."
"အွန်း မထချင်သေးဘူး.. "
"ဘာကိုမထချင်သေးတာလည်း ခဗျားနာရီကိုကြည့် ညကတည်းကပြောတယ် စောစောအိပ်ပါစောစောအိပ်ပါ စကားကိုနားမထောင်ဘူး ခုဘယ်ချိန်ရှိနေပီထင်လည်း နာရီကိုမျက်လုံးလေးဖွင့်ကြည့် ဟာ ပြောနေတာပေအိပ်နေပြန်ပီ ထ ကျုပ်စိတ်မတိုခင်ထနော်..."
YOU ARE READING
အဆိုးလေးရဲ့..ကိုကိုs2
Fanfictionချစ်တယ်...မောင့်ကလေးလေး... jeon jung kook မင်းကတကယ်အဆိုးလေးပဲ...ဂျောင်ဂု.. park jimin...