"အ့ ကျွတ်ကျွတ်နာလိုက်တာ ဗိုက်လည်းအောင့်တယ် အား..."ဂျီမင်းအိပ်ယာနိုးနိုးချင်း သူ့တစ်ကိုယ်လုံးကနာကျင်နေသည်..ခန္ဓာကိုယ်အောက်ပိုင်းကသိသိသာသာနာကျင်နေသည်..ထိုမျှမကသေးပဲ သူ့ဗိုက်ဆီကလည်းအောင့်သက်နေတာကြောင့် ဗိုက်လေးကိုအုပ်ကိုင်ကာ ဒူးလေးကိုကွေးထားလိုက်ရသည်..။သူဒီလိုနာကျင်နေရတဲ့အဓိကတရားခံက အဆိုးလေးပင်..ဂျီမင်းအိပ်ခန်းထဲကိုဝေ့ကြည့်လိုက်တော့ ဂျောင်ဂု ကိုမတွေ့ ခေါင်းထောင်ကာထပ်ရှာကြည့်တော့လည်းမရှိတာကြောင့် ဂျီမင်းမျက်မှောင်ကြုံလိုက်မိသည်..။
"ငါ့ကိုဒီလိုဖစ်အောင် သူကဘယ်သွားနေတာလည်း အ့ နာလိုက်တာ ကျွတ်ကျွတ်.."
ဂျီမင်းစိတ်တိုဝမ်းနည်းလာတာကြောင့် ထ ထိုင်လိုက်မိတော့အသဲခိုက်မတတ်နာကျင်မှုကိုခံစားလိုက်ရသည်..။ခနမျှမလှုပ်ရှားပဲငြိမ်နေလိုက်သည်.ထိုသို့ငြိမ်နေရင်း သူ့ကြားလိုက်ရတဲ့သီချင်းသံ..ဒီတော့မှအဆိုးကောင်ရေချိုးနေတာမှန်းသိလိုက်သည်...။
"မင်းကတော့ သီချင်းညည်းနိုင်သေးတယ် ငါ့မှာတော့ နေရာမလပ်နာနေတာလေ လာခဲ့ မင်းတွေ့မယ်.."
ဂျီမင်းခေါင်းရင်းကိုဖြေးဖြေးချင်းချွေ့ပီး စားပွဲပေါ်ကတစ်ရှူးဘူးကို ယူထားလိုက်သည်..။
ဂျောင်ဂု ခေါင်းကဆပ်ပြာတွေကိုပြောင်တာနဲ့ရေပန်းကိုပိတ်ကာ ခန္ဓာကိုယ်မှာကပ်ငြိနေတဲ့ရေစက်တွေနဲ့ခေါင်းကရေးစက်တွေကို လက်နဲ့လှုပ်ခါလိုက်သည်..ပီးတာနဲ့ တစ်ဘတ်တစ်ထည်ယူပီးအောက်ပိုင်းကိုပတ်လိုက်သည် ကျန်တစ်ထည်ကိုတော့ ပခုံးပေါ်တင်ထားပီးမျက်နာကရေစက်တွေကိုသုတ်နေသည်..။
"ဟူး...ခုမှလန်းဆန်းသွားတာပဲ.."
တစ်ယောက်ထဲစကားပြောရင်းတံခါးကိုဆွဲဖွင့်လိုက်သည်..။
"သေစမ်း မကောင်းတဲ့ကောင်.. "
အသံနဲ့အတူ သူ့ဆီကိုဝဲပျံလာတဲ့အရာတစ်ခု ဂျောင်ဂုကြောင်နနလေးနဲ့ပြန်ကြည့်နေတာပီး သတိပြန်ဝင်လာလို့ရှောင်လိုက်ပေမဲ့အချိန်မမှီတော့ပေ..။
YOU ARE READING
အဆိုးလေးရဲ့..ကိုကိုs2
Fanfictionချစ်တယ်...မောင့်ကလေးလေး... jeon jung kook မင်းကတကယ်အဆိုးလေးပဲ...ဂျောင်ဂု.. park jimin...