17unizgအဆိုးလေးရဲ့ကိုကိုs2

1.4K 104 10
                                    


"ဒုန်း...ဂျီမင်း မောင့် ဂျီမင်းလေးရေ..ဒုန်း.."

ဂျီမင်းပင်ပန်းလို့အိပ်ယာပေါ်ခနလှဲနေရင်းမှေးခနဲအိပ်ပျော်သွားရသည်..။အောက်ထပ်ကပိုလဲသံနဲ့အဆိုးလေးခေါ်သံတွေကြောင့် ဂျီမင်းလန့်နိုးလာရသည်...။ရုတ်တရပ်ကြီးလန့်ဖျန့်သွားရတာမို့ ဂျီမင်းရင်ဘတ်လေးကိုခနမျှဖိကိုင်ထားပီးငြိမ်နေလိုက်ရသည်..ခနလောက်ရှိတော့မှ ပိပ်ယာပေါ်ကအမြန်ဆင်းကာ အောက်ထပ်ကိုပြေးဆင်းလာရသည်..။ဒီအသံတွေကိုလေးလေးရောမကြားပဲနေမလား လေးလေးသာအပြင်ထွက်လာခဲ့ရင် မူးရူးနေတဲ့သူ့အဆိုးကပြသနာတွေတတ်မည်..။သူ့အဆိုးလေးဂျောင်ဂု ဘယ်လောက်ထိသောက်ထားလည်းအသံကိုနားထောင်ရုံတဲ့သိသာလှသည်..။

"ဂျောင်ဂု  တိတ်တိတ်နေစမ်း.."

အံကြိတ်သံနဲ့လှေကားထပ်ကနေ အသံတိုးတိုးလေးနဲ့ကြိမ်းလိုက်ရသည်..။
လှေကားပေါ်ကဆင်းလာလာချင်းမြင်လိုက်ရတဲ့ဂျောင်ဂုပုံစံကြောင့် ဂျီမင်းထိုင်ပင်ငိုချင်သွားရသည်..။အပေါက်ဝမှာအလှထားတဲ့ပန်းအိုးကြီးနှစ်လူံးလုံးကလည်းကွဲကြေနေပီ..လူကလည်းအပေါက်ဝမှာခြေကားယားကြီးနဲ့လှဲအိပ်နေသည်..မျက်နာကိုကြည့်​တော့​လည်း မျက်လုံးကစုံမှိတ်နေသည်..။နူတ်ခမ်းပါးတွေက​တော့တစ်စက်မှမနား သူ့နာမည်ကိုအော်ခေါ်နေပြန်သည်..။

"ဂျီမင်းရေ မောင့်ဂျီမင်းလေးရေလို့ မောင်ခေါ်နေတယ်လေကွာ အေ့ မောင့်ကိုလာခေါ်ပါဦး မောင်အိမ်ပေါ်ကိုမလာတတ်တော့လို့ အေ့ မောင်မတ်တပ်ရပ်လိုက်ရင် အိမ်ကြီးကလည်လည်သွားလို့ မောင့်ကိုလာခေါ်ပါကွာ  အေ့..."

ဂျိမင်း လှဲအိပ်နေတဲ့ဂျောင်ဂုအနားကိုအပြေးလေးသွားကာဒူးထောက်လေးထိုင်ချလိုက်ပီး အာလေးလျှာလေးနဲ်အော်နေတဲ့ဂျောင်ဂုပါးစပ်​တွေကိုသူ့လက်​တွေနဲ့အုပ်လိုက်သည်...။ထိုအခါကျ ဝူးဝူးါးဝါးတွေအော်ပြန်သည်..။

"ဝူး...ဝူဝဲလ်.."

"တိတ် တိတ်တိတ်နေ"

သူ့လက်​တွေကိုအတင်းလာဖယ်နေတဲ့ဂျောင်ဂုလက်တွေနောက်ပါသူ့လက်သေးသေးလေးကပါသွားရသည်..။

"မောင့်ဂျီမင်းလေးပဲ မောင်ကဘယ်သူများလည်းလို့ "

"အသံပြဲကြီးနဲ့အော်နေတာရပ်​တော့ ခုအိမ်ပေါ်တတ်မှာမလား ထ ငါကိုတွဲ.."

အဆိုးလေးရဲ့..ကိုကိုs2Where stories live. Discover now