"လေးလေး ကျွန်တော် ကိုကိုယွန်းဂီကို လက်မထက်နိုင်ဘူး ကျွန်တော်ကိုကို့ကိုမချစ်ဘူး ကျွန်တော်လက်မထက်နိုင်ဘူးလေးလေး.."
"တော်စမ်း ပါးစပ်ကိုပိတ်ထား ငါလက်နဲ့ရေးနေတာမင်းကခြေနဲ့ဖျတ်ချင်နေတာလားဟမ် မင်းကဘယ်အကောင်အားကိုးနဲ့ငါ့ကိုအာခံချင်နေရတာလည်း.. "
"ဘယ်ကောင်ကိုမှ အားကိုးလို့မဟုတ်ဘူး ကျွန်တော်မချစ်နှစ်သက်သူနဲ့မယူချင်တာတစ်ခုပဲ ကျွန်တော်တောင်းပန်ပါတယ် လေးလေးရယ် ကိုကိုကို လက်မထက်ပါရစေနဲ့နော် လေးလေးမကြိုက်တာဘာမှမလုပ်ပါဘူးလို့ကတိပေးပါတယ်.."
"တိတ်စမ်း ပတ်ခ်ဂျီမင်း မနက်ဖြန်သဘက်ခါဆိုပဲ လက်ထက်ရတော့မှာငါ့ကို ကလန်ကဆန်လာမလုပ်နဲ့ တူတစ်ယောက်ပဲရှိလို့မင်းကိုငါအလိုလိုက်ထားခဲ့တာ ခုတော့မရတော့ဘူး ငါ့သဘောငါ့ဆန္ဒအတိုင်းမင်းလိုက်နာရမယ် ဒါငါ့အမိန့်ပဲ.."
"ကိုယ်မချစ်မနှစ်သက်သူနဲ့အတူနေရတဲ့ဘဝကိူလေးလေးမှမခံစားဘူးတာ ဘယ်ကိုယ်ချင်းစာပေးပါ့မလည်း ကျွန်တော်ကလူတစ်ယောက် ကိုယ်မချစ်တဲ့လူနားဘယ်ချိန်ထိအသက်ဆက်ရှင်နိုင်မှာလည်းလေးလေး အဟင့်... "
"မင်းက အချစ်ကြောင်းဘယ်လော
က်သိနားလည်နေလို့ ငါ့ကို ကိုယ်ချင်းစာတရားတွေလာဟောနေတာလည်း ဘာလည်း မင်းဟိုအရိုင်းစိုင်းကိုစိတ်ပါနေတာလား..""လေးလေး.."
"မဟုတ်လို့လား မင်းအ့ကောင်ကိုစိတ်ဝင်စားနေတာမလား တကယ်လို့ ထားပါတော့တကယ်လို့များ မင်းအ့ကောင်နဲ့ညားကြည့် မင်းကို အ့ကောင်ကသစ္စာရှိမှာတဲ့လား ပတ်ခ်ဂျီမင်း မင်းပြောစမ်းပါ မင်းကို ဒီလောက်အနိုင်ယူဗိုလ်ကျနေတဲ့ကောင်ကိုမင်းကဘာတွေများအထင်ကြီးနေတာလည်းဟမ် ပြောစမ်း.. "
"မဟုဘူး လေးလေးထင်သလိုကျွန်တော် ဂျောင်ဂုကိုစိတ်ဝင်စားနေတာမဟုတ်ဘူး ကိုယ်မချစ်နဲ့သူနဲ့အတူမနေချင်လို့ ကိုကိုကိုလက်မထက်ချင်တာ..."
"လိမ်နေတာ မင်းငါ့ကိုလာလိမ်မနေနဲ့ပတ်ခ်ဂျီမင်း မင်းကိုငယ်ငယ်လေးကတည်းကငါကျွေးမွေးစောင့်ရှောက်ထားတာ မင်းအပြုအမူတိုင်းမင်ူခြေလှမ်းတိုင်ဘာဆိုတာငါသိတယ် တော်ပီ ငါ့ကိုဘာမှထပ်မပြောနဲ့ မင်းငါ့စကားငါ့အမိန့်ကိုပဲနာခံရမယ်....."
YOU ARE READING
အဆိုးလေးရဲ့..ကိုကိုs2
Fanfictionချစ်တယ်...မောင့်ကလေးလေး... jeon jung kook မင်းကတကယ်အဆိုးလေးပဲ...ဂျောင်ဂု.. park jimin...