..အဆိုးလေးရဲ့ကိုကို (s2)..
....အပိုင်း (၇)....."ဝူး....ဝူး...ကျွိ..."
"jeon jung kook..jeon jung.kook...ရေး
ကြိုးစားထားကြိုးစားထား ဖိုက်တင်း Jeon jung Kook. ကြိုးစား.."ဆိုင်ကယ်ပြိုင်ပွဲကြီးက အကြီးအကျယ်မို့ လာရောက်အားပေးတဲ့လူတွေလည်းမနည်းမနော သူ့လူနဲ့သူ သူ့အစုအဖွဲ့နဲ့သူအားပေးသံ အော်ဟစ်သံတွေကလည်း စည်စည်ကားကာ...။ထိုထဲတွင် အသံလေးတစ်ခုကဆာဆာနဲ့သူများတွေမောပေမဲ့ သူမို့မမောနိုင်မပန်းနိုင် သူ့ကောင်လေးကိုအားပေးနေတဲ့သူတစ်ယောက်ရှိနေသည်..။ထိုလူကတော့အခြားလူမဟုတ် ပတ်ခ်ဂျီမင်း ပင်ဖြစ်သည်..။ဆိုင်ကယ်ပြိုင်ပွဲမှာ ထယ်ယောင်းလည်းပါဝင်ပေမဲ့ ဟိုဆော့ သူ့ဘေးကလူလောက်တော့ မအော်နိုင်ပေ...။
"ဂျီမင်း ခနလောက်နားပါဦးလား မင်းလည်ချောင်းတွေနာနေလိမ့်မယ်.."
"အဟွတ် အဟွတ်အဟွတ်.. "
ဟိုဆော့ပြောမှ လည်ချောင်းကခြောက်ကပ်ပီးယားလာတာကြောင့် ဂျီမင်းချောင်းတွေဆိုးနေမိသည်...။
"ရော့ ရော့ ရေရေ ဖြေးဖြေးလည်းသောက်ဦး.."
"ကျေးဇူး ကျေးဇူးပါ ဟိုဆော့ jeon jung kookဖိုက်တင်း.."
ကျေးဇူးစကားပြောပီးတာနဲ့ ထပ်အော်နေတဲ့လူကြောင့်ဟိုဆော့ စိတ်အချဥ်ပေါက်လာရသည်..။ဒါနဲ့ပဲ မတ်တပ်ရပ်အော်နေတဲ့ဂျီမင်းကိုသူနောက်ကနေဆွဲချကာခုံပေါ်ကိုထိုင်စေလိုက်သည်...။
"ဂျောင်ဂုနိုင်မှာ အ့လောက်အော်မနေနဲ့ မင်း လည်းချောင်းတွေကွဲထွက်ကုန်လိမ့်မယ်.."
သူအော်တာကိုနှောက်ယှက်တဲ့ဟိုဆော့ကို ဘုကြည့်ကြည့်ပီးမှ ဟိုဆော့စကားကြောင့် မျက်နာကချက်ချင်းပြုံးယောင်သန်းလာသည်...။
"တကယ်လား တကယ်ဂျောင်ဂုနိုင်မှာလား.."
"အေးလို့ ဟုတ်ပါတယ်ဆိုကွာ.."
"ထယ်ယောင်းရောပြိုင်တယ်မလား ထယ်ယောင်းက ငါတိုဂျောင်ဂုလောက်မတော်လို့ မနိုင်တာလား..ဟုတ်လား.."
မျက်လုံးလေးထောင့်ကပ်ပေးနေပုံကအသည်းယားစရာ.ဂျွန်ဂျောင်ဂု တို့ဒီဟာလေးကိုသည်းသည်းလှုပ်ချစ်တာမစမ်းပါဘူး ဒါပေမဲ့လည်း သူ့crushကိုထိပါးလာတာကြောင့် စိတ်ကချဥ်တူးတူးဖစ်လာရသည်....။
YOU ARE READING
အဆိုးလေးရဲ့..ကိုကိုs2
Fanfictionချစ်တယ်...မောင့်ကလေးလေး... jeon jung kook မင်းကတကယ်အဆိုးလေးပဲ...ဂျောင်ဂု.. park jimin...