မျက်ဝန်းပြာတွေအောက်လှလှပပကြီးကျရှုံးသွားပြီ

4.8K 268 16
                                    

" ကျွန်တော်သူ့ကို မွေးမယ်။"

Aမြို့တော်က ထူးခြားခမ်းနားမှုတွေပြည့်နေတဲ့ မြို့ဖြစ်တယ်။ကုန်းမြေနဲ့ ရေ‌ေမြရဲ့ ရာစုနှစ်တစ်ခုက စစ်ပွဲကာလအတွင်းမှာ ရေမြေကိုအပိုင်စားရထားတဲ့ ရေသူမျိုးနွယ်တွေက ရှုံးနိမ့်ခဲ့တာမို့ သူတို့ကလူသားမျိုးနွယ်တွေရဲ့ ကျေးကျွန်ဖြစ်လာခဲ့တယ်။Aနိုင်ငံရဲ့
အိမ်‌ေမွးPetအမျိုးအစားထဲမှာ ရေသူမျိုးနွယ်တွေလည်း ပါဝင်တယ်။ခွေးလေးတွေ ကြောင်လေးတွေထက် မွေးရခက်တဲ့အပြင် တာဝန်ကြီးလည်းတယ်‌။အမြီးအရောင် မျက်လုံးအရောင် ကွဲပြားမှုအလိုက်ဈေးလည်းကွာသွားတယ်။ဘယ်လိုအမျိုးအစားဘဲဖြစ်ဖြစ် နောက်မှာသုညတွေအများကြီးနဲ့ အမြင့်ဆုံးတန်ကြေးမှာရှိနေတဲ့ အိမ်မွေးpetမျိုးနွယ်ဝင်တွေဖြစ်တယ်။

" သခင်လေး သေချာရဲ့လား။"

" ကျွန်တော်စကားကို နှစ်ခါမပြောဘူး။"

လူငယ်လေးရဲ့ မျက်ဝန်းတွေက ပြတ်သားတယ်။ပြခန်းပိုင်ရှင်က‌တော့ဖန်ပေါင်းချောင်လေးထဲမှာ ခပ်ယို့ယို့ကလေး ‌ရှိနေတဲ့ ရေသူထီးကိုကြည့်လိုက်ပြီး ဟန်ပါပါပြုံးတယ်။အသုံးမဝင်တဲ့ အကောင်လေးလို့ထင်ထားခဲ့ဝာာ ဝယ်သူရှိလာ‌ေတာ့လည်းသူကတော့ဈေး‌မြင့်မြင့်နဲ့ထိုးရောင်းလိုက်မှာပဲ။အလှလာကြည့်မဲ့သူတောင် မရှိတဲ့ ရေသူထီးမို့ ပြခန်းပိုင်ရှင်က အစာတောင်နေ့တိုင်း ကျွေးတာမဟုတ်ဘူး။ဒီရေသူထီးလေး စားရတဲ့ ပမာဏက နည်းလွန်းတယ်။

" ယွမ် ********* ကျတယ်။"

" ‌ဒါက ရေသူထီးတစ်ကောင်ကို မွေးရာမှာ လိုအပ်တဲ့ ဆောင်ရန်ရှောင်ရန်တွေပါ။"

" ဦးလေးလုံ ဒီစာရွက်တွေခဲ့ယူလိုက်။သူ့ရဲ့ ခြေထောက်တွေပေါ်နေတာပဲ လိုချင်တယ်။"

သခင်လေးရဲ့ အတွေးက ခန့်မှန်းရခက်တယ်။အိမ်မွေးအကောင်လေးတွေကို ချစ်တတ်တာလည်း မဟုတ်ဘဲ မွေးလိုက်တော့လည်း သတိအကြီးကြ‌ီးထားရမဲ့ ရေသူမျိုးနွယ်ထဲက ရေသူထီး‌တစ်ကောင်။ဖန်ပေါင်‌းချောင်ထဲက ရေသူထီးကတော့ ဒီပြတိုက်အတွက် အသုံးမဝင်တဲ့ ရေသူထီးမှန်းသိသာတယ်။သူ့ရဲ့ရေတွေကညစ်နေတာ။အပြာရောင်တောက်တောက် အမြီးလေးရဲ့လှုပ်ရှားပံုက လေတစ်ဝှက်အဝှေ့မှာ လွင့်‌လွင့်ကလေးလှုပ်ခတ်သွားတဲ့ ဖဲပြားလေးလိုပဲ။

My Little Sean♡。( Complete )Where stories live. Discover now