ဖက်ထုပ်ဆန်ပြုတ်/ final/

773 18 1
                                    

ခရီးပန်းလာတဲ့သည်းသည်းရဲ့ မျက်နှာကအနည်းငယ်နွမ်းလို့နေတယ်။ကျောပေါ်က လွယ်အိတ်လေးကို ကူသယ်ပေးဖို့ လုပ်‌တော့ ခေါင်းမာလေး‌ခေါင်းကိုတသွင်သွင်ခါရင်း မျက်နှာလေးစူပုတ်ပုတ်နဲ့ ဂျစ်တိုက်ပြန်တယ်။အလိုလိုက်ပေးဖို့ကလွဲရင် ဇွတ်လုပ်ဖို့အတွေးမရှိတဲ့ ရိပေါ်ကလည်းဒီအတိုင်းသာလွယ်ခိုင်းလိုက်တော့တယ်။တကယ်တော့ လွယ်အိတ်ကအလေးကြီးမဟုတ်ပါဘူး‌ နေ့တိုင်းထုတ်လိုက်သိမ်းလိုက်‌လုပ်ပြီးဆော့နေတဲ့ ပုလင်းတွေနဲ့ အာလူးကြော်ထုတ်တွေလောက်ပါတာ။

" သည်းသည်း လေးနေလား။"

" ဟင့်အင်းပါနော် ကျန့်ကျန့်နိုင်တယ်ဆို။"

ဒီမွေးခွန်းကိုကြည့် ခဏခဏမေးနေတာမို့ စိတ်သိပ်မရှည်ချင်တော့ဘူး။မျက်ခုံးတန်းပြေပြေတွေကို ဆတ်ခနဲကွေးကုပ်ရင်း ရန်လိုနေတဲ့ ကြောင်ပေါက်စလေးလို ပြုမူလာတယ်။

" လေးနေတာ ခေါင်းပြာလေးမဟုတ်ဘဲ နင့်ကျဲငါပါ။"

" ကူသယ်ပေးစေချင်တာဆို ရည်းစားရှာလေ ကျွန်တော်ကတော့ နိုးပါ။"

ရှောင်လန် သက်ပြင်းအရှည်ကြီးကို ဟင်းခနဲချလိုက်တယ်။လွန်လွန်းလိုက်တာ။ရည်းစားမရှိလည်း ဘာဖြစ်လဲ လက်နှစ်ဖက်ပါတယ် ကိုယ့်ဟာကိုသယ်နိုင်တယ်။

" ဖက်ထုပ်လုပ်မှာနော် ကျန့်ကျန့်က။"

" ကိုယ်လိုတာတွေဝယ်လာပါတယ်။"

" ဝောာ်တယ်။"

လက်မလေး‌ထောင်လို့ ခပ်ကြီးကြီးရှေ့သွားလေးတွေပေါ်တဲ့အထိ ပြုံးရင်း သည်းသည်းက သူ့ကိုချီးကျူးလာတယ်။စိတ်ညစ်ရတဲ့အခါ ရိပေါ်မျက်နှာနွမ်းတဲ့အခါ သူ့ရင်ခွင်သေးသေးလေးထဲထည့်ပြီး နှစ်သိမ့်ပေးတတ်သလို အကြောင်းအရာသေးသေးလေးတွေ‌ကြောင့် သူစိတ်ပျော်အောင် ရိပေါ်လုပ်ပေးလိုက်ရင်လည်း အပြုံးလှလှလေးစွန့်ကျဲရင်း ချီးကျူးပေးတတ်သေးတာ။

" ရှောင်ဝမ် နင်တော့ဖျားတော့မယ်ထင်တယ်။"

ရိပေါ် ခေါင်းငြိမ့်ရင်း ရှောင်လန်ရဲ့စကားကို ထောက်ခံလိုက်တယ်။မျက်နှာလေးမလန်းနေတာ သည်းသည်းဆိုပေမဲ့ ဖျားတော့မဖျားလောက်ဘူး။ရိပေါ်ကတော့ သေချာပေါက်ကိုဖျားမှာ။မွေးရပ်မြေကလေကို ရှူမိတာနဲ့ ရိပေါ်ကတစ်ရက်တော့ ဖျားကိုဖျားတယ်။ခရီးတွေထွက်ပြီးလို့ အိမ်ပြန်လာရင်ကို ရိပေါ်ကဖျားပြီပဲ ခဏခဏဖြစ်နေတော့ အကျင့်ပါသွားပုံရတဲ့ ခန္ဓာကိုယ်ကအပူတွေတက်လာပြီ။သည်းသည်းအနားကိုလည်း သိပ်ပြီးမကပ်ရဲဘူး အဖျားကူးရင်သည်းသည်းက သူ့ထက်အများကြီးခံရမှာ။

My Little Sean♡。( Complete )Where stories live. Discover now