ခေါင်းပြာလေး

2.5K 189 6
                                    

ရှောင်လန် ဟင်းခနဲသက်ပြင်းအရှည်ကြီးချလိုက်တယ်။မောင်ဖြစ်သူရဲ့ အထူးတလည်စိတ်ရှည်နေပုံက ရှားပါးဖြစ်စဉ်ကြီးလိုပဲ။အေပရွန်ကြီးဝတ်ပြီး ခေါက်ဆွဲပြုတ်တဲ့လုပ်ငန်းကို အသေးစိတ်လုပ်နေတာ။အရှေ့က မျက်ဝန်းပြာပြာတွေနဲ့ကောင်လေးကလည်း မေးထောက်ပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လို့ မောင်ဖြစ်သူဘာလုပ်လုပ်လိုက်ကြည့်နေတယ်။သူ့အရပ်နဲ့သူ့ဇာတ်တော့ဟုတ်နေတာပါပဲ။

" နင်သေချာလား။"

အစ်မဖြစ်သူရဲ့ အမေးကိုရိပေါ်‌ေခါက်ဆွဲပြုတ်ရင်းခေါင်းပဲငြိမ့်ပြလိုက်တယ်။ဒါက သူ့အစ်မရောက်ထဲက ပထမဆုံးပြောတဲ့စကား။ဘာကိုပြောချင်တာလဲ ရိပေါ်သိနေတာမို့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ခေါင်းပဲငြိမ့်ပြလိုက်တာ။အစ်မဖြစ်သူရဲ့ခြောက်ထပ်မြောက်အာရုံက ငယ်ငယ်ထဲက ကောင်းလွန်းတယ်။ရိပေါ်ရဲ့ ဘလော့ကိုဝင်ကြည့်ပြ‌ီး ကောမန့်ရေးသွားထဲက တစ်ခုခုဖြစ်လာတော့မယ်ဆိုတာသိတယ်။ဒီလောက်မြန်မြန်ကြီး တွေးမထားရုံပဲ။

" ဟေး နာမည်ဘယ်လိုခေါ်လဲ။"

မျက်ဝန်းပြာတောက်တောက်တွေနဲ့ ခေါက်ဆွဲစားဖို့ပြင်နေတဲ့ Seanရဲ့အာရုံက တစ်နေရာတည်းမှာပဲ။ရှောင်လန်က စိတ်မရှည်သလိုမျိုး ဆိုဖာပေါ်မှာခွေခေါက်ပြီးထိုင်နေရာကနေ ခေါက်ဆွဲစားနေတဲ့ Seanရဲ့ဘေးနားရောက်လာတယ်။

" မေးနေရင်ဖြေရမှာပေါ့။နာမည်ဘယ်လိုခေါ်လဲ။"

ရှောင်လန်က ခေါက်ဆွဲပန်းကန်ကို သူမဘက်ဆွဲလိုက်တော့မှ ကောင်လေးရဲ့အကြည့်က ရောက်လာတယ်။အရည်လဲ့‌ေနတဲ့ မျက်ဝန်းပြာပြာကြည်ကြည်တွေရဲ့ ဒဏ်ကမြင်ရသူအဖို့ ဘာနေနေလိုက်ရောပေးချင်စရာပဲ။

" ကျဲ Sean ဗိုက်ဆာနေတယ် အရင်စားပါစေအုံးလား။"

အသံကသာ ပြေလည်သလိုဖြစ်နေဝာာ လက်ကတော့ဟုတ်ပုံမရဘူး။ရှောင်ဝမ်က သူမရဲ့လက်ဖမိုးကို ဖတ်ခနဲရိုက်ချပြီး ခေါက်ဆွဲပန်းကန်ကို Seanဆိုတဲ့ ကောင်လေးရှေ့ သွားပြန်ထားပေးတယ်။

" စားလို့ကောင်းလား။ အရသာက အနေတော်ပဲမလား။"

ရှောင်ဝမ်က ကလေးထမင်းကျွေးသလို ခေါက်ဆွဲပြုတ်ထဲ အရိုးပါသလိုနဲ့ ဂရုစိုက်ပြီးကိုကျွေးနေတာ။

My Little Sean♡。( Complete )Where stories live. Discover now