ပင်လယ်ကမ်းခြေဒေသမြို့ပြက ရိပေါ်ရဲ့မွေးရပ်မြေဖြစ်တယ်။မွေးရပ်မြေဖြစ်တဲ့အလျှောက် ဒီအရပ်မှာ ငယ်ပေါင်းကြီးဖော်တွေအများကြီးပဲ။ရိပေါ် ရောက်တယ်သတင်းကြားတော့ အကုန်လုံးက အလုပ်တွေကိုပစ်ထားပြီး အပြေးအလွှားလာတွေ့ကြတယ်။ဒါကြောင့် ဒီနေ့အိမ်မှာလူတွေပြည့်လို့။သည်းသည်းကတော့ သူ့အကျင့်အတိုင်း ချောင်လေးမှာကပ်ပြီး
ငေးရင်း လူတွေအများကြီးအံ့ဩနေပုံရတယ်။" မင်း ဘလော့ထဲမှာ ပါလာတဲ့ ကောင်မလေးက ဘယ်သူလဲ ပြောပါအုံး။"
" ဟုတ်တယ် ငါလည်းသိချင်နေတာ။"
သောက်လက်စရေခွက်ကို ဂွတ်ခနဲချပြီး ယွမ်မင်ကထပ်မေးတယ်။သူ့ရဲ့ သူငယ်ချင်းတွေကိုကြည့်ရတာ ဘာအလုပ်လုပ်နေလဲ လစာဘယ်လောက်ရလဲ ဒါတွေကို စိတ်ဝင်စားပုံမရဘူး။မိန်းမရတဲ့သူကရကုန်ပြီး တစ်ချို့ကို ကလေးဖအေတွေပါ ဖြစ်ကုန်တော့လည်း အချစ်ရေးကိုပဲ စိတ်ဝင်စားတာလဲ ဖြစ်သင့်ပါတယ်။
" ဘယ်ကကောင်မလေးလဲ မင်းနဲ့ Aမြို့တော်မှာတွေ့တာလား။"
" ဘလော့ထဲ တစ်ပိုင်းတစ်စလေးတွေ့တာတော့ အတော်လေးလှမယ်ပုံ။"
" ကောင်မလေးမဟုတ်ဘဲ ရေသူထီးလေးပါ။"
ရိပေါ်ရဲ့အပြောမှာ မေးခွန်းသံတွေညံနေရာကနေ တိတ်ဆိတ်သွားတယ်။အံ့ဩသွားတဲ့ အရိပ်ရောင်ကလွဲရင် ကျန်တာဘာမှမမြင်ရတာမို့ ရိပေါ်စိတ်အေးရတယ်။သူကမဟုတ်လည်း လူတွေအများကြီးနဲ့ လူပေါင်းစုံနဲ့ တွေ့ခဲ့ပြီးပြီ။သည်းသည်းကတော့ သူ့လိုမဟုတ်တဲ့အတွက် ဘယ်လိုအကြောင်းအရာသေးသေးလေးနဲ့မှ မျက်နှာလေးမညှိုးစေချင်ဘူး။
" ရေသူထီးဆိုလည်း ဘာဖြစ်လဲကွာ။မင်းက ကာယကံရှင်ပဲ မင်းအဆင်ပြေရင် ငါတို့အားလုံးက ဝမ်းသာတယ်။"
သူငယ်ချင်းဆိုတာ ဒီလိုပါပဲ။ရိပေါ်တို့အားလုံး အချိန်တွေအကြာကြီး အတူတူရှိခဲ့ပြီး အများကြီးလည်း ဖြတ်ကျော်ခဲ့ကြပြီးပြီ။တစ်ယောက်အောင်မြင်တဲ့အခါ တစ်ယောက်ကလက်ခုပ်တီးရင်း ချီးကျူးဂုဏ်ယူတတ်တဲ့ ဆက်ဆံရေးတွေမို့ စိတ်တွေရှင်းရတယ်။
YOU ARE READING
My Little Sean♡。( Complete )
FanfictionSean!!!အဲ့တာကစားစရာမဟုတ်ဘူးလေ Sean!!!အာလူးကြော်တွေစားတာများနေပြီ Sean!!!ကိုယ့်ကိုချစ်လား?