ရှောင်လန်ရဲ့ဝဋ်ကလည်းမသေးဘူး။အမေက တဂွမ်ဂွမ်ဖုန်းဆက်ပြီး ပြန်လာခိုင်းတဲ့အပြင် ရှောင်ဝမ်ကိုပါ
အပါခေါ်လာခိုင်းတာမို့ ခေါင်းခဲနေရတယ်။အရင်လိုအပြင်တောင်သိပ်မထွက်တော့တဲ့ ရှောင်ဝမ်က အများကြီးပြောင်းလဲသွားတာ။ခရီးဆောင်အိတ်ကိုနှစ်ယောက်စာထည့်ရတိုင်း အလုပ်များတယ်ထင်ရပေမဲ့ ရှောင်ဝမ်ကတော့ ပျော်နေတာပဲ။သားသည်မိခင်ကြီးလို လိုတဲ့ ပစ္စည်းတွေအများကြီးထည့်ပြီး
စစ်ရဆေးရနဲ့ သူဆိုစိတ်ရှည်မှာမဟုတ်ဘူး။ရှောင်ဝမ်ကလည်းအရင်တုန်းက စိတ်ရှည်တဲ့သူမျိုးမဟုတ်ဘူး။သူတစ်ယောက်တည်းခရီးထွက်တိုင်း ခရီးဆောင်အိတ်အစား ကျောပိုးအိတ်တစ်လုံးနဲ့သွားတာ။ပိုက်ဆံကိုဘယ်လိုဖြုန်းရမလဲ ကောင်းကောင်းသိတဲ့ရှောင်ဝမ်က ဘာပစ္စည်းနေနေ ခရီးထွက်ရင်းနဲ့မှဝယ်တာ။" ကျဲ နင်မပြန်သေးဘူးလား။"
ဖားပျံလေးကိုကပ်နေတဲ့ ခေါင်းပြာလေးကို မောင်ဖြစ်သူကချီပိုးရင်း မေးခွန်းထုတ်တယ်။ရည်းစားမရှိတဲ့သူက ဘာကြောင့်ဒီလိုမြင်ကွင်းတွေကြည့်မြင်နေရတာလဲ။
" နင်ပါလိုက်ခဲ့မှပြန်လို့ရမှာ။မားကနင်မပါရင်ပြန်မလာနဲ့ဆိုပြီး အမိန့်ထုတ်ထားလို့ငါလည်းဒီမှာ ကုပ်ကတ်နေနေတာ။"
" အိမ်မပြန်ရရင်နင့်ကွန်ဒိုနင်ပြန်ပေါ့။"
" ခေါင်းပြာလေး ခရီးထွက်ချင်လား။"
ဒီအိမ်ရဲ့အဓိကmainကဘယ်သူလဲဆိုတာ သူသိသွားပြီလေ။ရှောင်ဝမ့်ကိုလည်းအရေးလုပ်မနေတော့ဘူး ခေါင်းပြာလေးကိုပဲသူ့ဘက်ပါလာအောင်
ဆွဲဆောင်လိုက်တော့မယ်။" အင် "
ဖားပျံလေးကိုကပ်နေရာကနေ ခေါင်းပြာလေးကသူ့ရဲ့ရှောင်ဝမ်ကို မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့မော့ကြည့်တယ်။ယုန်မျက်သွယ်လေးလို ရှည်သွယ်နေတဲ့မျက်ဝန်းအိမ်က ခေါင်းပြာလေးရဲ့အကောင်းဆုံးလက်နက်နေမှာပဲ။
" သည်းသည်း သဘော။"
တိုက်ပွဲမှာအနိုင်ရတဲ့စစ်သူကြီးလို ခံစားချက်မျိုးသူရလိုက်တယ်။အခုထဲကဒီလောက်ဆို နောက်များယူပြီးသွားရင် ရှောင်ဝမ်တို့က လက်ခုပ်ထဲကရေလိုဖြစ်နေမှာ။ခေါင်းပြာလေးကိုပဲကပ်ပေါင်းထားတော့မယ်။
YOU ARE READING
My Little Sean♡。( Complete )
FanfictionSean!!!အဲ့တာကစားစရာမဟုတ်ဘူးလေ Sean!!!အာလူးကြော်တွေစားတာများနေပြီ Sean!!!ကိုယ့်ကိုချစ်လား?