Seanကရိပေါ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။လေယာဉ် ပထမဆုံးစီးမှာဆိုတော့ ဒီလိုကြောက်စိတ်ဖြစ်တာမျိုးက ပုံမှန်ပါပဲ။ရိပေါ်က ငယ်ငယ်ထဲက တိမ်တွေကိုသိပ်သဘောကျတာ တိမ်တွေကိုအနီးကပ်မြင်နိုင်မဲ့ လေယာဉ်စီးရခြင်းအလုပ်ကလည်း သူ့အတွက်တော့ နည်းနည်းလေးမှမခက်ခဲခဲ့ဘူး။
ခရီးတွေခဏခဏထွက်တယ် နေရာကောင်းတွေရှိရင် သူ့ရဲ့ခရီးသွားဘလော့တွေတင်လေ့ရှိတဲ့ ယူကျုချန်နယ်ကနေ မျှဝေတယ်။ရိပေါ်က သူ့ရဲ့အိပ်မက်ထဲမှာ နေထိုင်နေရတဲ့သူမျိုးလို့ ပြောလို့ရပါတယ်။ငယ်ငယ်ထဲက စိတ်ပါတာတွေပဲလုပ်ခဲ့ပြီး လုပ်မယ်လို့ ခြေလှမ်းစထားရင် ပြီးမြောက်သည်အထိလုပ်တတ်တဲ့သူမို့ သူမအောင်မြင်တဲ့အလုပ်ဆိုတာ မရှိသလောက်ဘဲ။
" ဟိုး ကောင်းကင်ပေါ်က တိမ်ဖွေးဖွေးတွေကလှတယ်မလား Sean။"
Seanက ရိပေါ်လက်ညှိုးထိုးပြတဲ့နေရာကို မော့ကြည့်ရင်း ခေါင်းငြိမ့်တယ်။ပစ္စည်းတွေနဲ့ပတ်သက်ရင် တစ်ခုဆိုတစ်ခု အစွဲကြီးပေမဲ့ အာရုံစိုက်ရတဲ့အရာတွေဆိုရင် သိပ်အာရုံမစိုက်နိုင်ဘူး။ဟင်းခွက်တွေအများကြီး ချပေးထားရင် မျက်စိရှေ့မှာ ရှိနေတဲ့ဟင်းတစ်ခွက်ပဲစားတယ်။ကျန်တဲ့ဟင်းခွက်တွေအပေါ် သိပ်ပြီးအာရုံမရှိဘူး။အနေကြာလာလေ Seanအကြောင်းပိုသိလာလေနဲ့ ရိပေါ်အတွက်တော့ ဘယ်လိုနေနေချစ်မဝဖြစ်ရတာပါပဲ။
" လေယာဉ်စီးရင် လှတဲ့တိမ်တွေကို Seanအနီးကပ်မြင်ရမှာ ပျော်စရာမကောင်းဘူးလားဟင်။"
Seanက အတွေးများသွားတဲ့ရုပ်လေးနဲ့ ရိပေါ်ကိုကြည့်လာတယ်။လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ အားကတော့နည်းနည်းပျော့သွားတယ်။
" လေယာဉ် ကြီးလွန်းတယ်။"
" ကြီးမှလူအများကြီးတင်လို့ရမှာပေါ့ Seanရဲ့။"
"တိမ်ပေါ်ရောက်တော့ သေးသွားတယ်။"
Seanကရိပေါ်ကို လက်ညှိုးထိုးပြလာတယ်။အောက်မှာက လေယာဉ်ကကြီးနေပြီး အပေါ်ရောက်မှ သေးသွားတာက Seanအတွက်ထူးဆန်းနေပုံရတယ်။
" ဒါကအနီးကပ်မို့ ကြီးတာလေ။တိမ်ပေါ်က လေယာဉ်က ဝေးနေတော့ သေးတယ်လို့ခံစားရတာ။"
YOU ARE READING
My Little Sean♡。( Complete )
FanficSean!!!အဲ့တာကစားစရာမဟုတ်ဘူးလေ Sean!!!အာလူးကြော်တွေစားတာများနေပြီ Sean!!!ကိုယ့်ကိုချစ်လား?