သဲသောင်ပြင်ပေါ်က ခြေရာသေးသေးလေးတွေ

722 15 0
                                    

အမြီးပြာလေးက ဖဲပြားလေးလွင့်မျောနေပုံနဲ့ဆင်တူတယ်။မျက်စိမလွှဲနိုင်တဲ့အထိ လှနေတဲ့ တည်ရှိမှုလေးမို့ ရိပေါ်မေးထောက်ပြီး အေးအေးဆေးဆေးကြည့်နေလိုက်တယ်။သူ့မှာ ဘလော့ရိုက်ဖို့ကလွဲရင် ထူးခြားပြီးလုပ်စရာမှရှိမနေဘဲ။‌ငွေမှင်‌ရောင်ယှက်သန်းနေတဲ့ အမြီးပြာလှလှလေးကိုတော့ပြဖို့ သူတွန့်တိုတယ်။ဒီလှပတဲ့အခိုက်အတန့်ကို ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်ထားပေမဲ့ သူဘယ်ဝောာ့မှထုတ်ပြဖြစ်မှာမဟုတ်ဘူး။သူတစ်ယောက်တည်းသတိရတိုင်းပြန်ကြည့်နိုင်ဖို့ မှတ်တမ်းတင်ထားဝာာ။လှလှကလေးဖြစ်နေတဲ့ Seanကို သူများတွေနဲ့မျှဝေတဲ့အထိ ရိပေါ်က သဘောကောင်းမနေဘူး။

" အချစ်ကလေး ဗိုက်မဆာသေးဘူးလား။"

ကြည့်ကောင်းကောင်းနဲ့ ကြည့်နေရင်း နေ့လည်စာစားရမဲ့အချိန်ကိုတောင်အတော်လေး ကျော်နေပြီ။ရိပေါ်မေးပေမဲ့ ရေကန်ထဲမှာ ပျော်နေပုံရတဲ့ Seanကတော့ ရိပေါ်ကိုလှည့်လည်းမကြည့်သလို ဘာမှလဲပြန်မပြောဘူး။

ရိပေါ်ဟင်းခနဲသက်ပြင်းအရှည်ကြီးချပြီး အားယူလိုက်တယ်။တိုက်ပွဲစတင်ရတော့မယ်။

" သည်းသည်းမဆာလည်း ကိုယ်တော့ဗိုက်တအားစာနေပြီ။သွားရအောင်ပါကွာ။"

" ဗိုက်မဆာဘူးနော်။ဒီထဲပျော်တယ်။"

" သည်းသည်းတစ်ယောက်တည်းပျော်နေရင် ကိုယ့်အတွက်ဘယ်တရားတော့မလဲ။စဉ်းစားပါအုံး။"

ခေါင်းလေးဆတ်ခနဲ စောင်းသွားပြီး ရိပေါ်ကိုကြည့်လာတယ်။ခေါင်းသေးသေးလေးနဲ့ အမြဲတွေးတော့တွေးနေတာပဲ ဒါပေမဲ့ ဘယ်တော့မှ အဓိပ္ပာယ်မပေါက်ဘူး။

စက္ကန့်ဝက်လောက်ကြာတဲ့အထိ ဘာစကားမှ ထပ်မပြောလာတော့ ဒီအကွက်က အလုပ်မဖြစ်မှန်း ရိပေါ်နားလည်လိုက်တယ်။

" ဒီမှာ ခဏလေးကျန်ခဲ့အုံးနော်။ကိုယ် ပစ္စည်းလေးတစ်ခု သွားယူစရာရှိလို့။"

ရိပေါ်အခန်းထဲက ခရီးဆောင်အိတ်ထဲ လှန်လှောရှာလိုက်တယ်။သူရှာနေတာ ခရုခွံလှလှလေးတွေပါ။ဒီပင်လယ်ကမ်းခြေဒေသက တခြားနေရာတွေနဲ့အတူဘူး ခရုလှလှသေးသေးလေးတွေ အများကြီးရှိတယ်။အဲ့ခရုခွံလေးတွေကို ကောက်ပြီး ဆွဲကြိုးလေးတွေ လက်ကောက်လေးတွေ စိတ်ကြိုက်လုပ်လို့ရတယ်။ရိပေါ်ကတော့ ‌ဒီအတိုင်းသည်းသည်းနဲ့ လိုက်မယ်ထင်လို့ ဝယ်ခဲ့လိုက်တာ။အခုတော့ နေရာအသစ်အဆန်းလို့ ထင်တာမို့ Seanကိုခေါ်သွားပြီး ဆင်တူဆွဲကြိုးလေးတွေလုပ်ရမယ်။

My Little Sean♡。( Complete )Where stories live. Discover now