တိမ်စိုင်များစွာ ၀န်းရံထားသော ချောက်ကမ်းပါးအစွန်း၌.....အနီရောင်ဇာမဏီ၀တ်ရုံလွှာဆင်မြန်းထားသော သူတစ်ယောက်...ထိုသူ၏ မျက်၀န်းထဲ၌ နာကျည်းမှုများစွာဖြင့်......
ဘာကြောင့်လဲ ဘာကြောင့်ငါ့ကိုလိမ်ရတာလဲ ဟမ် ဘာကြောင့်လဲ
ကိုင်ဆောင်ထားသောဓါးမှလဲ သွေးများကျဆင်းနေပြီ ထိုသူရဲ့ ခန္ဓာကိုယ်မှာလဲ သွေးများပေနေလျက်ပင်........
မဟုတ်ဘူး မဟုတ်ဘူး ကိုယ်မဟုတ်ဘူး ကိုယ်ဒါတွေကိုလုံး၀မသိခဲ့ဘူး ယုံပါ
ဟက် ယုံရမယ် ဘယ်လိုယုံရမလဲ
ယုံပါ ယုံပါ
ပါးစပ်ဖျားမှ ထိုစကားများသား အခါအခါထွက်ပေါ်လာပြီး နှိုးထလာခဲ့တော့သည်...
အိမ်ရှေ့စံ အိမ်ရှေ့စံ ထပ်မက်တော်မူပြန်ပြီလား
ရန်ကုန်းကုန်းရဲ့ စကားကြောင့် အိမ်ရှေ့စံဆိုသည့်သူမှာ မျက်နှာထားတင်းမာစွာဖြင့်
ဒီအိပ်မက်က ငါကိုယ်တော်ကို ခြောက်လှန့်ပြန်ပြီ နှစ်တွေကြာတဲ့အထိ တကယ်ပဲ ဘာကိုဆိုလိုချင်တာလဲ
အိမ်ရှေ့စံ ဒီကိစ္စကို မင်းကြီးက တိုင်းပြည်ရဲ့ ပညာရှိနိမိတ်ဖတ်တဲ့ အမတ်မင်းတွေကို ပေးအပ်ပြီး နိမိတ်ဖတ်ခိုင်းတော့မှာပါ အိမ်ရှေ့စံ
ငါကိုယ်တော်လဲ ခမည်းတော်ကို ဒီကိစ္စတွေနဲ့ အနှောင့်အယှက်မပေးချင်ဘူး
ကောင်းပါပြီ
အိမ်ရှေ့စံပြန်အိပ်တော်မူပြီး နောက်နေ့မနက်ရောက်သော်....ကြီးကျယ်မြင့်မြတ်လှသော ကူစူးတိုင်းပြည်ရဲ့ ညီလာခံမနက်ခင်းဟာ အရင်နေ့များထက် ပိုခမ်းနားနေတော့သည်....အကြောင်းအရင်းကား
အရှင်မင်းကြီးအား ဂါ၀ရပြုပါတယ်
မင်းကြီး သက်တော်ရာကျော်ရှည်ပါစေကောင်းပြီ အမတ်မင်းတို့သိကြတဲ့အတိုင်းပဲ အိမ်ရှေ့စံမင်းသား သူ့ရဲ့အိပ်မက်က ခြောက်လှန့်နေတာ နစ်ကြာနေပြီ ငါကိုယ်တော်လဲ အိမ်ရှေ့စံတစ်ခုခုဖြစ်မှာကိုစိုးရိမ်မိတယ် ပြီးတော့ အိပ်မက်ဆိုတာက တစ်ခုခုကိုရည်ရွယ်ပြီး ဆိုလိုတာလဲရှိတယ် စိုးရိမ်တာက တိုင်းပြည်အပေါ်ကိုတက်ရောက်မှာကိုပဲ
YOU ARE READING
ချစ်ပါရစေ...ဧကရီ💗
Fanfictionဘာလို့..ငါ့ကို လိမ်ခဲ့ရတာလဲ...ဘာလို့ငါ့ကိုအသုံးချခဲ့တာလဲ...မင်းကငါ့အချစ်နဲ့မတန်ခဲ့ဘူး သိလား.. ကိုယ်တော် ..တောင်းပန်ပါတယ်..ကိုယ်တော့်အမှားတွေပါ... ကိုယ်တော်တကယ်မမြင်ခဲ့ဘူး ကိုယ့်ကို ခွင့်လွှတ်တယ်မလားဟင်...ကိုယ် ပြန်ချစ်ပါရစေ..ဧကရီရယ်.. ...