ဧကရီစာကြည့်ဆောင်ထဲက ထွက်လာခဲ့လိုက်ပြီး..ရှေ့မှာ မမြင်ချင်ပဲ မြင်ရတော့မယ့် ယဲ့မိဖုရားနဲ့ သူ့ရဲ့ အစေခံ၂ယောက်ဖြစ်လေသည်..
အို...ဧကရီပါလား...ဒါနဲ့ မင်းကြီးစာကြည့်ဆောင်မှာရှိနေလားဟင်
စာကြည့်ဆောင်မှာကတည်းက စိတ်မကြည်နေတာကြောင့် ဧကရီ အနားမှ ထွက်လာခဲ့လိုက်သည်..
ဧကရီ ကမပြောချင်ဘူးပဲ
ယဲ့မိဖုရားဆီကထွက်လာသော စကားသံကြောင့် ဧကရီအနောက်ကို ခြေလှမ်းပြန်ဆုတ်လိုက်တော့သည်..
ယဲ့မိဖုရားက မတွေ့ရတာကြာတော့မေ့နေပြီထင်တယ်..ကိုယ့်ထက်ရာထူးကြီးတဲ့သူကို ဂါ၀ရမပြုတတ်တော့ဘူးလား
တစ်ခြမ်းစောင်းလေးပြုံးပြနေတဲ့ ဧကရီရဲ့စကားကြောင့် ယဲ့ချူလွေ့ မျက်နှာပျက်သွားတော့သည်..
ဧကရီတစ်ယောက်ဖြစ်တယ်ဆိုပြီး မာန်ထောင်လိုက်တာ
ဘာပြောလိုက်တာ
ယဲ့မိဖုရားရဲ့အစေခံရဲ့ တီးတိုးစကားကို ကြားလိုက်မိသောအခါ..စိတ်မကြည်နေရတဲ့ကြား ဧကရီ ဒေါသအဖြစ်ရောက်ရှိသွားတော့သည်..
အော် ဟုတ်လား..ကိုယ်တော်က ဘာတွေများလုပ်နေလို့ မာန်ထောင်တယ်ပြောရတာလဲ
အစေခံမလေးက သူ့စကားကို ဧကရီကြားသွားမယ်လို့ မထင်တာကြောင့် ရုတ်တရက်ကြောင်အနေတော့သည်..
ယဲ့မိဖုရားက ကိုယ့်အစေခံကို သေချာဆုံးမ မသွန်သင်ဘူးလား
ဒီကိစ္စ မယ်မယ်နဲ့မဆိုင်ပါဘူး
သခင်ကိုချစ်တဲ့ ခွေးပီပီ ကာကွယ်ပေးနေသော အစေခံမလေးအားကြည့်လိုက်ရင်း ဧကရီ တစ်ချက်ရယ်မိသည်..ဘယ်လောက်သစ္စာရှိလိုက်လဲသခင်အပေါ်
ကိုယ်တော်ပြောနေတာ ယဲ့မိဖုရားကို..မင်း၀င်မပါသင့်ဘူး မိန်းကလေး..မင်းဘယ်သူနဲ့ပြန်ခံပြောနေလဲဆိုတာ မင်း သိသင့်တယ်..
ဧကရီက ယောကျာ်းလေးဖြစ်ပြီး ခုလို မိန်းမလို ပြောတတ်မယ်လို့ ကျနေယ်မျိူးမ မထင်ထားဘူး
YOU ARE READING
ချစ်ပါရစေ...ဧကရီ💗
Fanficဘာလို့..ငါ့ကို လိမ်ခဲ့ရတာလဲ...ဘာလို့ငါ့ကိုအသုံးချခဲ့တာလဲ...မင်းကငါ့အချစ်နဲ့မတန်ခဲ့ဘူး သိလား.. ကိုယ်တော် ..တောင်းပန်ပါတယ်..ကိုယ်တော့်အမှားတွေပါ... ကိုယ်တော်တကယ်မမြင်ခဲ့ဘူး ကိုယ့်ကို ခွင့်လွှတ်တယ်မလားဟင်...ကိုယ် ပြန်ချစ်ပါရစေ..ဧကရီရယ်.. ...