မြန်ဆန်စွာလျှောက်လှမ်းလာသော ခြေလှမ်းဟာ ရုတ်တရက် နှေးကွေးသွားခဲ့ပြီး...လက်ထဲ ပါလာသော အရာအား အနောက်သို့ ၀ှက်ထားလိုက်သည်..
ယဲ့ စစ်သူကြီးအချိန်တွေအားနေတယ်တူတယ်
အနောက်ကနေထွက်ပေါ်လာသော အသံဆီလှည့်ကြည့်လိုက်ရာ ...အေးတိအေးစက်မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်နေသော ၂ယောက်မရှိ လန်အရှင်မင်းကြီးပင်
မင်းကြီး ကျနော်မျိူး ယဲ့ကျိူးလွေ့မင်းကြီးကို ဂါ၀ရပြုပါတယ်
ကျနော်မျိူးေ၀့၀ူရှန့် မင်းကြီးကို ဂါ၀ရပြုပါတယ်
ပုံမှန်ပဲနေပါ..ယဲ့ကျိူးလွေ့ ရောက်ရောက်ချင်း ကိုယ်တော့်ဆီဘာလို့မလာတာလဲ
အယ် မင်းကြီးကိုလျှောက်တင်ပါတယ်.နန်းတော်ကိုရောက်ရောက်ချင်း အစ်မက တွေ့ချင်တယ်ဆိုလို့ သူ့ဆီ အရင်၀င်လိုက်တာပါ
အဲ့တာနဲ့ ဧကရီဆီကို ဘာလာလုပ်တာလဲ
အစ်မက ဧကရီ့အတွက် မင်းကြီးဆီအခစား၀င်ရင်း လမ်းကြုံ ကြက်သားစွပ်ပြုတ်ထည့်ပေးလိုက်ပါတယ် ဒါကြောင့် ကျနော်မျိူး ဧကရီဆီရောက်နေတာပါ
အင်း ...ရောက်ကြောင်းသတင်းပို့ရမှာကို မေ့နေတာလား
ကျနော်မျိူး ယဲ့ကျိူးလွေ့ အပြစ်လုပ်မိပါတယ် မင်းကြီး အပြစ်ပေးတော်မူပါ
အင်း ....ညီလာခံခန်းမမှာ သွားဒူးထောက်..ကိုယ်တော်မလာမချင်း မထနဲ့ ပြစ်ဒဏ်ပဲ
ကျနော်မျိူး အမိန့်ကို့နာခံပါမယ့်မင်းကြီး
ယဲ့စစ်သူကြီး မင်းကြီးနဲ့ ဧကရီကို ဂါ၀ရပြုကာ ထွက်သွားခဲ့တော့သည်... လေထုဟာ ရုတ်တရက် အေးစက်သွားပြီး ...
မင်းကြီး လာရင်းကိစ္စရှိလို့လား
အင်း ...ဒီည တော်၀င်မီးထွန်းပွဲတော်ရှိတယ် မဖြစ်မနေ ဆင်နွှဲရမှာ ..ကိုယ်တော် အ၀တ်အစားချူပ်ခိုင်းပြီးပြီ..အဲ့တာလာပို့တာ
အနောကါတွင် ၀ှက်ထားသော အ၀တ်အစားအား ဧကရီထံပေးလိုက်သည်...အဖြူရောင်ပိုးသားအား သေသပ်စွာ ချုပ်ထားသည်မှာ လှပသဖြင့် ဧကရီတစ်ချက်ကိုင်ကြည့်လိုက်သည်
YOU ARE READING
ချစ်ပါရစေ...ဧကရီ💗
Fanfictionဘာလို့..ငါ့ကို လိမ်ခဲ့ရတာလဲ...ဘာလို့ငါ့ကိုအသုံးချခဲ့တာလဲ...မင်းကငါ့အချစ်နဲ့မတန်ခဲ့ဘူး သိလား.. ကိုယ်တော် ..တောင်းပန်ပါတယ်..ကိုယ်တော့်အမှားတွေပါ... ကိုယ်တော်တကယ်မမြင်ခဲ့ဘူး ကိုယ့်ကို ခွင့်လွှတ်တယ်မလားဟင်...ကိုယ် ပြန်ချစ်ပါရစေ..ဧကရီရယ်.. ...