ချစ်ပါရစေ..ဧကရီ❣️ part 6

205 8 7
                                    

ဟန်ကုန်းကုန်း ရောက်တာကြာပြီလား

မကြာသေးပါဘူး ဧကရီ

နန်းဆောင်သို့ ပြန်ရောက်လာသောဧကရီလေးအား ဂါ၀ရပြုလိုက်သည်...

ဧကရီကို ကျနော်မျိူး ဂါ၀ရပြုပါတယ်

ဟန်ကုန်းကုန်း ပုံမှန်ပဲနေပါ  ကျနော်မေးစရာရှိတယ်

ကျနော် မယ်တော့နန်းဆောင်ကနေ ပြန်လာတဲ့တစ်လျှောက် လမ်းမှာ အလှဆင်နေတာတွေ့တယ် ဟန်ကုန်းကုန်းတို့လဲ အလှဆင်နေတယ် ..အဲ့တာဘာလို့လဲ

ဧကရီအမေးကြောင့် ဟန်ကုန်းကုန်းတစ်ချက်ပြုံးလိုက်သည်..

ဧကရီကိုပြန်ဖြေပါတယ် ဒီနေ့က လန်တိုင်းပြည်ရဲ့ ဓလေ့ ဖြစ်တဲ့ မီးထွန်းပွဲတော်ပါ

အဲါတာကြောင့်ကိုး

ဒါကြောင့် ဧကရီက ညကျ တော်၀င် ပွဲတော်ကို ပါ၀င်ဆင်နွှဲရမှာပါ

တော်၀င်ပွဲတော် အဲ့တာ ဘာလို့ကျတော်ပါရမှာလဲ

တော်၀င်ပွဲတော်က တော်၀င်မျိူးနွယ်တွေ ဆုံစည်းကြတဲ့ ဆင်နွှဲကြတဲ့ပွဲတော်ဖြစ်တဲ့အတွက် ဧကရီက တတ်ရောက်မှဖြစ်မှာပါ

ရှူပ်လိုက်တာ...

ဧကရီ့အတွက် အကျီချုပ်ထားလားမသိပေမယ့် ကျနော်မျိူး ညနေကျ သွားယူပေးပါ့မယ်..

ရပါတယ်ဗျ အဲ့လောက်ထိမလိုပါဘူး

ဧကရီက သေချာပေါက် အချောဆုံးဖြစ်နေရမှာ ..တော်၀င်ပွဲကျရင်

ဟုတ်လား ဟဲဟဲ

ဧကရီမယ်မယ်ကို ဂါ၀ရပြုပါတယ်

၀င်လာသောအစေခံမလေးက ဂါ၀ရပြုလိုက်ရင်း

မယ်မယ် မယ်မယ်ကိုတွေ့ချင်တယ်ဆိုပြီး လူတစ်ယောက်ခွင့်တောင်းနေပါတယ်

လူတစ်ယောက်....

ဧကရီပင် အံ့သြသွားရတော့သည်..ဒီလန်တိုင်းပြည်မှာ သူသိတဲ့သူမှမရှိတာ ဘယ်သူက လာတွေ့မှာလဲ ...ခုလူက ဘယ်သူများပါလိမ့်....

ဘယ်သူများလဲ သိတဲ့သူလဲမရှိပဲနဲ့

ကျနော်မျိုးတို့ ခွင့်ပြုလိုက်ရမလား

ချစ်ပါရစေ...ဧကရီ💗Where stories live. Discover now