လန်ကူစူးတိုင်းပြည်၌ မိုးများစွာရွာသွန်းမှုဟာ မိုးနတ်မင်းတောင် ၀မ်းနည်းနေသယောင်အလား....လျန်ဟွားနန်းဆောင်ရှေ့၌ ဒူးထောက်နေသော ဧကရီ...မလှုပ်ုပ်မယှက် ငြိမ်သက်နေပြီး မိုးရေများလဲ စိုရွှဲနေတော့သည်...ရုတ်တရက်မိုးလာပေးသောထီးကြောင့် ခေါင်းကို မော့ကြည့်လိုက်မိသည်...
ယဲ့စစ်သူကြီး...
အံ့သြနေသော မျက်၀န်းတစ်စုံဖြင့် မော့ကြည့်လာသော သူ့ရဲ့အရှင်...နီရဲနေသော နှုတ်ခမ်းရှိရမည့်အစား ပြာနေသော နှုတ်ခမ်းဖြစ်နေသော သူရဲ့အရှင်..ယဲ့ကျိူးလွေ့ ရင်နာရပါသည်
ဟုတ်ပါတယ်အရှင် ကျတော်မျိူးပါ...မင်းကြီးက အပြစ်ဒဏ်ပေးထားတယ်လို့ နန်းတွင်းမိန်းမပျိူတွေဆီက ကြားသိရခြင်း ကျနော်မျိူး ဒီကိုလာခဲ့တာ
ထီးမိုးပေးစရာမလိုပါဘူး ယဲ့စစ်သူကြီး.. ကိုယ်တော်က အပြစ်ပေးခံထားရတာ..မင်းအနေနဲ့ ကိုယ်တော့အနားမှာရှိမနေပဲ တပ်ထဲမှာပဲရှိသင့့်တယ်
ကျနော်မျိူးကိုယ်တိုင်က အရှင့်အနားမှာ အဖော်ပြုပေးချင်တာပါ
ဟက်
ဧကရီအရှင်ရဲ့ တစ်ချက်ခနဲ့့သံကြောင့် ယဲ့ချုံးဟွေ့ ကြောင်မိသွားသည်..
မင်းအစ်မတော် ယဲ့မိဖုရားက လာကြည့်ခိုင်းတာတော့ မဟုတ်ဘူးမလား မင်းအစ်မတော်ကိုပါးရိုက်ခဲ့တဲ့ ကိုယ်တော့်ကို အဖော်ပြုပေးမှာတဲ့လား ..သိပ်ရယ်ရတယ်
ဧကရီစကားကြောင့် ယဲ့ကျိူးလွေ့စိတ်မကောင်းဖြစ်မိသွားသည်..အရှင်က အစ်မတော်ဖြစ်သူပါးကို ရိုက်ခဲ့တာမှန်ပေမယ့့် အကြောင်းရင်းရှိမယ်ဆိုတာ သူယုံကြည်ပါသည်..ခုလာရခြင်းကလဲ အစ်မတော်နဲ့ မဆိုင်ပါပဲ ချစ်ရသူူအရှင်ကို ဘေးကနေအဖော်ပြုပေးဖို့သာ...
မဟုတ်ရပါဘူးအရှင် အစ်မတော်လာခိုင်းတာလဲမဟုတ်ပါဘူး အရှင့်မှာ အကြောင်းအရင်းရှိမယ်ဆိုတာ ကျနော်မျိူးသိနေတယ် အရှင့်ကို ယုံကြည်ပါတယ်
ဧကရီရဲ့ပါးပြင်ထက်က မျက်ရည်တစ်စဟာ မိုးစက်တွေနဲ့အတူ ကျဆင်းသွားခဲ့တော့သည်..လောကမှာ ငါ့ကိုယုံကြည်တဲ့သူ ရှိသေးပါလား...
YOU ARE READING
ချစ်ပါရစေ...ဧကရီ💗
Fanfictionဘာလို့..ငါ့ကို လိမ်ခဲ့ရတာလဲ...ဘာလို့ငါ့ကိုအသုံးချခဲ့တာလဲ...မင်းကငါ့အချစ်နဲ့မတန်ခဲ့ဘူး သိလား.. ကိုယ်တော် ..တောင်းပန်ပါတယ်..ကိုယ်တော့်အမှားတွေပါ... ကိုယ်တော်တကယ်မမြင်ခဲ့ဘူး ကိုယ့်ကို ခွင့်လွှတ်တယ်မလားဟင်...ကိုယ် ပြန်ချစ်ပါရစေ..ဧကရီရယ်.. ...