ချစ်ပါရစေ... ဧကရီ 💜part 8

228 13 6
                                    

      တော်၀င်ပွဲတော်ဟာ ဥယျာဥ်လေးထဲ တိတ်ဆိတ်ငြိမ်သက်စွာ  ရှိနေကြတော့သည်....

        အဟင်း မင်းကြီး မယ်တော် အစ်ကိုတော် ကျတော်မျိူး ဗိုက်ပြည့်ပြီဖြစ်လို့ အရင်ပြနိခွင့်ပြုပါ

      ခါးကို ကိုင်းကာ အရိုအသေပေးပြီး ဧကရီ ဒီနေရာကနေ အမြန်ဆုံးထွက်လာခဲ့လိုက်သည်...

       မယ်တော် ခမည်းတော် အကိုတော် ခွင့်ပြုပါဦး သားတော်ကိစ္စရှိလို့

        ချူချူကိုလဲ ပြန်ခွငိ့ပြုပါဦး

       မင်းကြီးနဲ့ချူမိဖုရား နှစ်ကိုယ်တူ ထိုနေရာကနေ ထွက်လာခဲ့လိုက်သည်...ကျန်သူများမှာ သက်ပြင်းချရင်း စိတိမကောင်းဖြစ်မိကြသည်...ဒီနှစ် တော်၀င်ပွဲတော်က မိသားစုမစုံပဲ ဖြတ်သန်းရတော့မှာမို့ပင်..

      အရှင့်သား..ချူချူ နဲ့အတူ မီးပုံးလွှတိမယ်မလားဟင် ချူချူထိုက်ယွဲ့နန်းဆောင်မှာစောင့်နေမယ်

       အင်း ကိုယ်တော်လာဖြစ်မှာပါ ခုတော့ ကိုယ်တော်ကိစ္စရှိလို့ ချူချူကို ၀မ်းနည်းစေမိပြီ

       မင်းကြီးက ပြောရင်းပင် ချူချူပါးကို လက်ဖြင့်ဆွဲလိုက်သည်..တစ်ဖန် မင်းကြီးရဲ့လက်ကို ချူချူပြန်ကိုင်လိုက်ပြီး

       ချူချူသေချာပေါက်အရှင့်သားကိုစောင့်နေမှာနော်

       အင်း ကိုယ်တော်သွားပြီ
 
      မင်းကြီးချူချူနားကထွက်လာလိုက်ပြီး တစ်နေရာသို့ ‌ခြေလှမ်းကျဲများဖြင့်.....

          လှလိုက်တာ ဒီနေရာက...

   ဧကရီနန်းဆောင်ပြန်တဲ့လမ်း၌ပင် တွေ့ရသော ချယ်ရီပန်းပင်များစွာ ၀န်းရံလျက်ရှိသည့် တံတားပေါ်မှာ ‌ညလေ‌ညင်းကို ရှူရှိုက်နေတော့သည်

        ဘာလုပ်နေတာလဲ

         မင်းကြီး အ​ေ၀းကနေ လေညှင်းခံနေသော  ဧကရီကိုတွေ့ကာ ငေးနေမိသည်...ခဏအကြာ ဧကရီဆီကို သွားကာ မေးလိုက်သည်..

        မင်းကြီးကို ဂါ၀ရပြုပါတယ် ဒီနေရာလေးက လှပတယ် တံတားလေးရယ် စမ်းချောင်းရယ်

ချစ်ပါရစေ...ဧကရီ💗Where stories live. Discover now