နန်းဆောင်တွင်း မနက်စာစားရန် တည်ခင်းထားသော စားပွဲထိပ်ဆုံးမှာ မင်းကြီးထိုင်လိုက်ရာ တစ်ဖက်တစ်ချပ်တွင်တော့ ယဲ့မိဖုရားနဲ့ ဧကရီ ၀င်ထိုင်လိုက်တော့သည်..မယ်တော်ကြီးက မင်းကြီးနဲ့ မျက်နှာချင်းဆိုင်နေရာမှာပင်
အရှင့်သား ဒါလေးစားကြည့်ကောင်းတယ်
အင်း...ချူချူ...
လန်အရှင်မင်းကြီးရဲ့ ပန်းကန်ထဲ ဟင်းလျာများ ပြည့်နေပေမယ့် ဧကရီပန်းကန်ထဲမှာတော့ အသီးအရွက်များနဲ့ပင်....
အသီးအရွက်ထက် အသားက ပိုအားပြည့်စေတယ်..အသားများများစားသင့်တယ် ဧကရီ
ပြောရင်းနဲ့ ဧကရီပန်းကန်ထဲ အသားဟင်းတွေချည်း ထည့်ပေးနေသော လန်အရှင်ကြောင့် ချူချူမျက်နှာပျက်ယွင်းနေတော့သည်...
အရှင့်သားက ဘာလို့ ..ဘာလို့ သူ့ကို့ထည့်ပေးနေရတာလဲ ငါမဟုတ်ဘူးလားအဟင်း မင်းကြီး ကျနော်မျိူးက အသားသိပ်မစားပါဘူး ဒါကြောင့် ချူမိဖုရားကိုသာ ထည့်ပေးလိုကိပါ...
ဧကရီကပြောရင်းပင် မင်းကြီးထည့်ပေးခဲ့သော အသားအား ချူမိဖုရားပန်းကန်းထဲ လှမ်းထည့်လိုက်သည်...
ကျေး..ကျေးဇူးပါဧကရီမယ်မဟ် မလိုပါဘူးအဲ့တာက..
ကိစ္စမရှိပါဘူး..အယ် ..မယ်တော် ဒါလေးစားကြည့် ကောင်းတယ် မယ်တော့်အတွက်အားရှိစေတယ်
ဟင်းများစွာ မယ်တော့ပန်းကန်ထဲ သေချာရွေးထည့်ပေးနေသည့် ဧကရီကြောင့် မယ်တော့်မှာ ပြုံးနေမိသည်..ရှန့်အာလေးကတကယ်သိတတ်တာ
အိုက်ယား..မယ့်မယ့် သားမက်တော်လေးက သိပ်လိမ္မာတာပဲ...မယ်မယ်ဖြင့်ချစ်လိုက်တာ
မယ်တော်ကြီး ချီးကျူးနေသည်က ဧကရီဆိုပေမယ့်...အကြည့်တွေကတော့ ချူမိဖုရားဆီမှာပင်....ချူမိဖုရားလဲ မခံမရပ်ဖြင့်သာ ငြိမ်နေတော့သည်..မယ်တော်ကြီး သူ့ကို တမင်ရွဲ့မှန်း သူသိနေသည်လေ....
တော်ပြီ...မယ်တော် အရှင့်သား ဧကရီ ချူချူ ဗိုက်ပြည့်သွားပြီမလို့ ပြန်ခွင့်ပြုပါဦး
YOU ARE READING
ချစ်ပါရစေ...ဧကရီ💗
Fanficဘာလို့..ငါ့ကို လိမ်ခဲ့ရတာလဲ...ဘာလို့ငါ့ကိုအသုံးချခဲ့တာလဲ...မင်းကငါ့အချစ်နဲ့မတန်ခဲ့ဘူး သိလား.. ကိုယ်တော် ..တောင်းပန်ပါတယ်..ကိုယ်တော့်အမှားတွေပါ... ကိုယ်တော်တကယ်မမြင်ခဲ့ဘူး ကိုယ့်ကို ခွင့်လွှတ်တယ်မလားဟင်...ကိုယ် ပြန်ချစ်ပါရစေ..ဧကရီရယ်.. ...