ချစ်ပါရစေ...ဧကရီ💗 part 2

273 9 0
                                    


         အ​ေ၀းတစ်နေရာ  ရေကန်ပြင်နံဘေးလေးနား...ပိုးသားပန်းရောင်ဖြင့်တွဲဖတ်ထားသော...မိနိးကလေးသည်သား..မြင်ရသူအဖို့..လှလေခြင်းပင်..ထိုမိန်းကလေးရဲ့အနား အိမ်ရှေ့စံခြေလှမ်းတွေဟာ မြန်ဆန်စွာဖြင့်..

      ချူချူ..ဘာလုပ်နေတာလဲ

    အနောက်ကနေသိုင်းဖက်လာသော လက်တစုံကြောင့် ချူချူပြုံးမိသည်...

        အရှင့်သားအတွက်လေ ပန်းထိုးပေးနေတာ ချူချူကိုယ်တိုင် အချစ်တွေနဲ့ လုပ်ပေးတာလေ..အရှင့်သားကြည့်ကြည့်

     
         လက်ထဲမှ ပြီးလက်စဖြစ်နေသော ပု၀ါစလေးအား အိမ်ရှေ့စံကြည့်မိပါသည်..ငှက်ကလေးနှစ်ကောင်နဲ့အသိုက်အ၀န်းလေး...

    အင်း လှတယ် ပု၀ါလေးကိုပန်းထိုးနေတဲ့ကိုယ့်တော့်ရဲ့ချူချူက အလှဆုံးပဲ

           အိမ်ရှေ့စံအပြောကြောင့် ချူချူမှာ ရှက်ကိုးရှက်ကန်းဖြင့်သာ ..

     အရှင့်သား စကားတတ်တိုင်း..ဒါနဲ့  အဖေပြောတယ် ဒီနေ့ ညီလာခံမှာ မင်းကြီးက တစ်ခြားတိုင်းပြည်ကမင်းသားတစ်ယောက်နဲ့ လက်ထပ်ဖို့ အမိန့်တော်ထုတ်ပြန်ခဲ့တယ်ဆို....

         ချူချူအမေးကြောင့် ချက်ခြင်း ရုတ်ချည်းပြောင်းလဲသွားသော အိမ်ရှေ့စံမျက်နှာသည်ကား အလိုမကျမှုများစွာဖြင့်...

         အင်း  ဟုတ်တယ် ခမည်းတော်အမိနိ့ကို ကိုယိတော်လဲဖီဆန်လို့မရဘူး လက်ထပ်ရမယ်ဆိုတော့လဲ ယောကျာ်းလေးတစ်ယောက်ဖြစ်နေတယ် ဆီလျော်မှုမရှိလိုက်တာ

       ဒါဆို ချူချူနဲ့လက်ထပ်မယ့်ကိစ္စကရော ချူချူကရော အရှင့်သားနဲ့အတူ ဘယ်တော့အတူရှိခွင့်ရမှာလဲဟင်..

         မျက်နှာလေးညိုးငယ်စွာဖြစ်နေသော  ချူချူ နဖူးထက်သို့ အိမ်ရှေ့စံအနမ်းတစ်ပွင့်ခြွေလိုက်လေသည်..

      စိတ်ချပါ မင်းကို စိတ်မပျက်စေရပါဘူး  မင်းက ကိုယ်တော်ရည်ရွယ်ထားတဲ့မိဖုရားပါ ကိုယ်တော်မင်းကို ရအောင်လက်ထပ်မယ် ဟုတ်ပြီလား

        တကယ်လားဟင် အရှင့်သား ချူချူက သာမာန်မိန်းကလေးတစ်ယောက် ..သူက တော်၀င်မင်းသားတစိပါး..ချူချူစိုးရိမ်မိတာက.....

ချစ်ပါရစေ...ဧကရီ💗Where stories live. Discover now