Ep-19

1.8K 111 2
                                    

25K အကုန်ကျခံပြီးအပ်ထားတဲ့Htar အတွက်ပုံလေးရလာပြီ အပြေးလေးလာကြွားတာ အကယ်၍ ပုံယူပြီး editလုပ်ချင်ရင် မေ့ author nameလေး crd ထည့်ပေးကြနော် တောင်းဆိုပါတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

25K အကုန်ကျခံပြီးအပ်ထားတဲ့
Htar အတွက်ပုံလေးရလာပြီ အပြေးလေးလာကြွားတာ
အကယ်၍ ပုံယူပြီး editလုပ်ချင်ရင် မေ့ author nameလေး crd ထည့်ပေးကြနော် တောင်းဆိုပါတယ်

လောကတစ်ခွင်လုံးအမှောင်ကျပြီးတိတ်ဆိတ်နေသည်
မောင်ဘယ်ရောက်နေတာလဲ အန်တီရော မောင့်အန်တီရော
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
'အန်တီ အန်တီရေ အန်တီဘယ်မှာလဲ အန်တီ'

တွေ့ပါပြီ မောင်နဲ့ခပ်လှမ်းလှမ်းမှာမောင့်ကိုကျောပေးပြီးရပ်နေတဲ့အန်တီ

'အန်တီ အန်တီ'

မောင်အန်တီ့လက်ကိုကိုင်လိုက်တော့အန်တီဟာလေထဲအမှုန်အမွှားအဖြစ်လွင့်စင်ကာပျောက်ကွယ်သွားတော့သည် တစ်ဖန်ညာဘက်ခပ်လှမ်းလှမ်းမှာ ထပ်မံပေါ်လာတဲ့အန်တီ

'အန်တီ!'

မောင်ပြေးဖက်လိုက်ပေမဲ့လဲ လေဟာနယ်ကိုသာပွေ့ဖက်လိုက်ရသည့်သဖွယ်အန်တီကထပ်မံပျောက်ကွယ်သွားပြန်သည် ထို အန်တီ့ပုံရိပ်နှစ်ခုတင်မက နောက်ထပ်ပေါ်လာတဲ့အန်တီ့ကိုယ်ပွားတွေအကုန် မောင်ထိလိုက်သည်နှင့်ပျောက်ကွယ်သွားကြသည်

'အန်တီ အန်တီဘယ်မှာလဲ မောင့်အန်တီအစစ်ကဘယ်မှာလဲ အန်တီ မောင်ကြောက်နေပြီ မောင့်ကိုဒီကနေလာခေါ်ထုတ်ပေးပါတော့ မောင်ကြောက်နေပြီ'

ကုတင်ပေါ်ငြိမ်သက်စွာလဲလျောင်းအိပ်စက်နေတဲ့ မောင့်ပုံစံဟာ သိမ့်နှလုံးသားကိုဓါးနဲ့အရှင်လတ်လတ်မွှန်းနေသလိုနာကျင်ရစေသည်

'အန်တီ အန်တီ မောင့်ကို မောင့်ကိုမထားခဲ့ပါနဲ့'

အိပ်ပျော်နေတဲ့မောင့်ဆီကနေယောင်ယမ်းတမ်းတစွာထွက်လာတဲ့နာမ်စားဟာ အန်တီတဲ့လား သူ့ကိုအဲ့လောက်တောင်ချစ်သလားမောင်ရယ်
အိပ်နေရင်းနဲ့တောင် ထားကိုသတိရလို့ငိုကြွေးနေတဲ့မောင်
သိမ့် မောင့်ပါးကမျက်ရည်စတို့ကိုသုတ်ပေးမိသည်

HtarWhere stories live. Discover now