Ep-11

2.7K 194 9
                                    

မောင့်မှာကားမောင်းရင်းအန်တီ့ဝတ်စုံကိုကြည့်ကြည့်ပြီးရင်မောရလေသည် ခပ်ဖွေးဖွေးပခုံးသား ထင်ထင်ရှားရှားပေါ်နေတဲ့ညှပ်ရိုးတွေ အန်တီ့ဆီကလွင့်လာတဲ့ခပ်သင်းသင်းရေမွှေ့နံ့လေး အို မောင်တော့ရူးရတော့မှာပဲအန်တီရယ် အန်တီကတော့ မောင်ဘာဖြစ်နေလဲသူမသိ သူ့ဖုန်းကိုသာသူကြည့်နေသည်

'အန်တီ'
'ရှင့်'
'ဟို အချိန်လဲနဲနဲစောသေးတော့လေ အင်္ကျီတစ်ဆိုင်ဆိုင်ဝင်ပြီး အန်တီအင်္ကျီလေး'
'မောင်....'

မောင့်ကို မောင်ကလဲကွယ်ဆိုတဲ့ချွဲတဲ့အကြည့်လေးနဲ့အန်တီကမျက်လုံးလေးပေကလပ်ပေကလပ်နဲ့ကြည့်နေတော့ မောင့်မှာဘယ်လိုလုပ်ပြောရက်ပါတော့မလဲ

'တော်ပြီတော်ပြီ မပြောတော့ဘူး'
'မောင် ဘာလို့တို့ဒီအင်္ကျီဝတ်တာကိုအဲ့လောက်ထိမလိုလားရတာတုန်း'
'အန်တီဒီအင်္ကျီဝတ်တာကိုမလိုလားတာမဟုတ်ဘူး အန်တီ့ပခုံးသားတွေ အန်တီ့ကျောပြင်တွေ အန်တီ့လက်မောင်းလေးတွေ ပြီးတော့အန်တီ့ရင်ညှပ်ရိုးထင်းထင်းတွေ အို ကုန်ကုန်ပြောရရင် အန်တီ့မျက်နှာကိုသူများတွေငေးကြည့်မှာကိုတောင် မောင်မလိုလားဘူး'
'ဟောကွယ် ကလေးရဲ့'
'ရပြီရပြီ မပြောတော့ဘူး အန်တီ့သဘော ဒါပေမဲ့ ဒါနောက်ဆုံးအကြိမ်ဝတ်တာဖြစ်ပါစေနော် နောက်တစ်ခါဆိုမောင်တကယ်စိတ်ကောက်မှာ'

နှုတ်ခမ်းလေးဆူကာပြောတဲ့ချစ်ရသူလေးကိုအသဲယားရပြန်တာကြောင့် မောင့်မျက်နှာလေးကိုကိုင်နှုတ်ခမ်းချင်းထိရုံသာအနမ်းပေးလိုက်သည်

'တို့နှုတ်ခမ်းနီတွေကိုပြန်ယူတာ'
'ဟယ်'
'မဟယ်နဲ့ ကားသေချာမောင်း'

နောက်မိနစ်ပိုင်းလောက်ထိမောင်းပြီးချိန်မှာဖေဖေပေးထားသောလိပ်စာတည်ရှိရာခြံကိုရောက်တော့သည်

'အန်တီခဏ'

ထား ကားပေါ်ကမဆင်းခင်မောင်ကဟန့်နားတာကြောင့်ကားတံခါးဖွင့်ဖို့ပြင်နေတဲ့ထားရဲ့လက်တွေရပ်တန့်သွားရသည်

'ဘာလို့လဲမောင်ရဲ့'
'ခဏပါဆိုအန်တီရာ'

မောင်ကားပေါ်ကနေအရင်ဆင်းကာ အန်တီထိုင်ရာဘက်ကကားတံခါးကိုကိုယ်တိုင်ဖွင့်ပေးသည် ထား ဆင်းမည်ပြင်တော့ ထပ်တားပြန်သည်

HtarWhere stories live. Discover now