oh my doctor

5.7K 183 94
                                    

ဆရာပေးတဲ့အချစ်ရောဂါကိုပြန်တာ၀န်ယူပေး။

အဝေးကနေလှမ်းကြည့်ရင်တောင်မြင်ရမည့်ကုမ္ပဏီကြီးတစ်ခု။'Titicharoenrak'ဟုအမည်ရသည့်ထိုရွှေရောင်တစ်၀င်း
၀င်းနှင့်တောက်ပနေသည့်ကုမ္ပဏီသည်ထိုင်းနိုင်ငံ၏ထိပ်တန်းစာရင်း၀င်တစ်ခုသာ။

ယခုအချိန်မှာတော့'Titicharoenrak'လုပ်ငန်းစု၏အငယ်ဆုံးသားဖြစ်သူသာထိန်းသိမ်းနေရသည့်အမွေအနှစ်တစ်ခု။သူကဘယ်သူဖြစ်မလဲ?

တစ်မိုးအောက်နှစ်ယောက်မရှိသည့်Gemini Norawit Titicharoenrakသာ။အဖိုးဖြစ်သူ၏သဲသဲလှုပ်အချစ်ခံရသည့်မြေးလေးဖြစ်တာကတစ်ခု။မောင်နှမတွေထဲမှာတစ်ဦးတည်းသောသားလေးဖြစ်တာကတစ်ခု။

အဲ့အပြင်ကိုစီးပွားရေးမေဂျာနဲ့ဘွဲ့ရထားတာကတစ်ခု။အလိုလိုက်ခံရလွန်းတဲ့လုပ်ငန်းစုပိုင်ရှင်geminiလေးကတော့မိန်းကလေးလုံး၀စိတ်မ၀င်စားတဲ့gayတစ်ယောက်ဖြစ်ပြန်တာကလည်း၀မ်းနည်းချင်စရာ။

အသက်24နှစ်သာရှိသေးပေမယ့်စီးပွားရေးလောကရဲ့အငယ်ဆုံးနဲ့၀င်ငွေအများဆုံးရနေသည့်2023ရဲ့top1၀င်လုပ်ငန်းစုပိုင်ရှင်တစ်ယောက်ဖြစ်သည်။

အဲ့အပြင်ကိုတစ်ဖက်တစ်ခြမ်းမှာလည်းမူးယစ်ဆေးဝါးရောင်း၀ယ်ရေးသာမကတရားမ၀င်တဲ့အလုပ်ပေါင်းစုံလုပ်သေး၏။geminiအတွက်တော့ကုမ္ပဏီကမျက်နှာဖုံးတစ်ခုသာ။

အတိတ်ကိုခေါက်ထားပြီးလက်ရှိပစ္စုပွန်ကိုသွားကြည့်မည်ဆိုလျှင်ရုံးခန်းတစ်ခုထဲကဒေါသထွက်နေသည့်လူတစ်ဦးကိုသာမြင်ပေလိမ့်မည်။

_______________________________

"အတွင်းရေးမှူးရှာတာအဲ့လောက်ခက်လား?"

စားပွဲပေါ်သို့ဖိုင်တွေတစ်ခုပြီးတစ်ခုပစ်ချလိုက်ရင်းငါစိတ်ရှုပ်စွာဆံပင်အားတစ်ချက်သတ်လိုက်သည်။အရင်အတွင်းရေးမှူးအမကဗိုက်ကြီးနေတာကြောင့်ငါယာယီတစ်ယောက်ရှာနေခြင်း။

ကုမ္ပဏီကငါ့အတွက်တော့ဘ၀ကြီးမဟုတ်ပေမယ့်လွှတ်ချင်တိုင်းလွှတ်ထားရင်လည်းအဖေဆဲတာခံရဦးမည်။သက်ပြင်းတစ်ချက်ချရင်းပွနေသည့်ဖိုင်တွေထဲကတစ်ခုကိုလှမ်းယူလိုက်၏။

Beauty and the beast (geminifourth ff✅)Where stories live. Discover now