ခပ်ဝေးဝေးနေစမ်းပါ။
နေသာတဲ့နေ့တစ်နေ့။ဒါပေမယ့်ငါမနှစ်သက်ပါ။နေသာနေတာကငါ့ကိုပိုပင်ပန်းစေ၏။မနေ့ကဆေးရုံအုပ်ပေးခဲ့သည့်ဖိုင်တွေကိုငါကြည့်နေရတာခုထိပင်။
မအိပ်ရသေးတာကြောင့်ငါ့မျက်စိတွေပင်ကြောင်နေပြီ။မကြာခင်မှာပဲ၀င်လာသည့်ဖုန်းတစ်ကောလ်။တိုက်ခန်းပိုင်ရှင်အန်တီကြီးပဲ။
အရင်ပတ်ကမှ၃လစာငွေချေထားတာခုဘာမီတာတွေဆောင်ခိုင်းဦးမလဲမသိ။ငါပျင်းတိပျင်းရွဲ့ဖြင့်သာဖုန်းကိုင်လိုက်သည်။သို့သော်ကြားလိုက်ရသည့်စကားကစောစောစီးစီးကျက်သရေတုံးစရာ။
အဲ့နောက်ဂျူတီကုတ်အားချွတ်၍တိုက်ခန်းစီသို့taxiငှားရင်းအပြေးသွားရလေသည်။အိမ်မှာညီမလေးတစ်ယောက်ထဲ။သိပ်မဝေးတာမလို့ခဏအကြာမှာငါရောက်၏။
ငွေချေလိုက်ရင်းငါပြေးလွှားကာငှားထားသည့်အထပ်သို့အမြန်ပြေးရပြန်သည်။အနက်ရောင်၀တ်စုံ၀တ်ထားသည့်လူတစ်စုကိုကြောက်ရွံ့စွာစကားပြောနေသည့်ညီမလေးကိုမြင်သည့်အခါငါ့ခေါင်းတစ်ခုလုံးပူထူသွား၏။
"Front!!"
"Phi.."
အားကိုးတစ်ကြီးခေါ်လာသည့်ညီမလေးကြောင့်ငါအမြန်ပငခအပြေးသွားလိုက်ကာfrontရဲ့ကိုယ်လေးကိုငါ့ကျောနောက်သို့ပို့လိုက်သည်။
"အိမ်ထဲ၀င်တော့..အကိုဆက်ရှင်းပေးမယ်"
ငါ့ညီမလေးကနာခံစွာပင်တိုက်ခန်းတံခါးအားဖွင့်ကာ၀င်သွား၏။ဖြစ်လာမဲ့ကိစ္စတွေငါ့ညီမလေးကိုမကြားစေချင်ပေ။
"ဒေါက်တာ အကြွေးယူထားတာကြာနေပြီနော်"
ထိုလူအုပ်ထဲကခပ်၀၀လူတစ်ယောက်ကပါးကိုထိကိုင်လာသည့်အခါငါပုတ်ထုတ်လိုက်သည်။အဲ့နောက်တင်းမာစွာထိုလူတစ်စုကိုကြည့်လိုက်၏။
"အပြီးဆပ်ပြီးပြီလေ!ထပ်ပြီးမင်းတို့ကဘာလာတောင်းပြန်တာလဲ"
"အိုးး ဒေါက်တာ့အဖေယူထားတဲ့ပိုက်ဆံကဘတ်၅သိန်းလောက်နဲ့ပြတ်မယ်ထင်နေလား"
"..."
ထိုလူကစိတ်ပျက်စရာကောင်းစွာရီရင်းစာချုပ်အားထုတ်ပြ၏။ငါ့ပါးစပ်အဟောင်းသားဖြစ်သွားသည်ကအမှန်။
ငွေတိုးနှစ်ဆနဲ့ချေးထားတဲ့အပြင်တစ်လဘတ်၅၀၀၀နှုန်းနဲ့တိုးနေတာမလို့ဒါကြီးကငါသေရင်တောင်ကြေမဲ့ပုံမပေါ်။
YOU ARE READING
Beauty and the beast (geminifourth ff✅)
Fanfiction'Cause you could be the beauty and I could be the monster' fanfiction main characters-Geminifourth total chapter-7 hope you guys enjoy this💓